Part-20

198 41 24
                                    

Zawgyi//

သို့သော်.....။

ထိုခုံက သူတို့အပေါ်ကျမလာဘဲ အား ဆိုသော အသံနှင့်အတူ ပြိုလဲသံအချို့ကိုပါ ကြားလိုက်ရသည်။
ကုန်းကျွင့် မျက်လုံးဖွင့်ကြည့်လိုက်တော့ ထိုလူက ထောင်တထောင့်မှာ ပုံပျက်စွာပင် ခွေနေလေပြီ။

ဘယ်သူ့လက်ချက်လဲဟု စူးစမ်းလိုက်တော့ သူ့တို့အရှေ့မှာ မားမားမတ်မတ်ရပ်နေသည့် ကျန်းချွိမ်းချင်ပင်။
အနက်ရောင် ဂျက်ကပ်တထည်နှင့် ဂျင်းဘောင်းဘီကို တွဲဝတ်ထားသော သူမက အလင်းရောင်မှိန်ပြပြအောက်မှာ ပျောက်မသွားဘဲ အရှိန်အဝါတို့က တောက်ပနေတုန်းပင်။
အချိုးညီစွာ တွန့်ချိုးထားသော နှုတ်ခမ်းတစ်စုံနှင့်အတူ စူးရဲနေသော မျက်လုံးတို့က နဂါးဆိုလျှင် ဟိုလူတွေ ပြာကျနိုင်လောက်သည်။

(အကိုမရမယ့်အတူတူ ညီမကို ဝိုက်လိုက်ရမလား 😬😬)

"Aiiish.... မင်းတို့က ဘာကောင်တွေလဲ ခွေးကိုရိုက်ချင်ရင် ပိုင်ရှင် ဘယ်သူလဲ ဆိုတာ ကြည့်ဦးမှပေါ့"

သူမ စကားကြားသည်နှင့် ကျန်းကျယ်ဟန့်မှာ ကုန်းရုန်းထလာပြီး

"ကျန်းချွိမ်းချင် ငါ နင့်အကိုနော်"
"ကိုကိုးကို ဘယ်သူက မသိနေလို့လဲ ဒီချိန်မှ အမျိုးလာစပ်နေတာက"
"အဲ့ဒါဆို ဘာလို့ ငါ့ကို ခွေးလို့ပြောတာလဲ"
"အဲ့ဒါက စကားပုံလေ"
"မရဘူး တခြားဟာပြော"
"အဲ့ဒါဆို..... ဒီမှာ မင်းတို့ကောင်တွေ ကျွန်ကို ရိုက်ချင်ရင် သခင်ဘယ်သူလဲ ဆိုတာ ကြည့်ဦးမှပေါ့"
"ကျန်းချွိမ်းချင်!!"
"ဘာဖြစ်ပြန်ပြီလဲ"
"ငါက ဘာလို့ နင့်ကျွန်ဖြစ်ရမှာလဲ"
"ဟာ ကိုကိုး ချင်ချင်းက သူတို့ကို ကြောက်အောင်ခြောက်နေတာလေ"
"အဲ့ဒါဆိုလဲ တခြားဟာပြောပြီးခြောက်"

တယောက်က ညီမဖြစ်သူရဲ့ အင်္ကျီစကို ဆွဲပြီး ပေါက်ကရပြောနေသလို ညီမကလဲ တံတောင်နဲ့ တွတ်ကာ ဗရုတ်ပြန်ကျနေသည်ကို ကြည့်ပြီး ကုန်းကျွင့် ဘာဆက်လုပ်ရမှန်းတောင် မသိတော့။
သူတို့လုပ်နေပုံနဲ့တော့ ဟိုက ကြောက်စရာလေးဟု ထင်နေပါလိမ့်မယ် အားကြီးကြီး။

"ဟေ့ ဘာလဲ မင်းတို့နှစ်ယောက်က ငါတို့ရှေ့မှာ ဇာတ်လာကနေတာလား။ ခွေးဖြစ်ဖြစ် ကျွန်ဖြစ်ဖြစ် ငါတို့ကိစ္စထဲ ဝင်ရှည်တဲ့ကောင်တွေ အကုန်ချကွာ"

ငဲ့စရာများထဲမှာ (ZG/UN)Where stories live. Discover now