Zawgyi//
"ဒယ်ဒီ... အခုလို လုပ်တာ ဘာသဘောလဲ"
"မင်းကမှ ဘာသဘောလဲ ကုန်းကျွင့် ဒီကိစ္စက မင်းကိုယ်တိုင် သဘောတူထားတာလေ"
"ဒါပေမယ့် ကျွန်တော့်ကို နည်းနည်းပါးပါးတော့ အသိပေးသင့်တယ် မဟုတ်ဘူးလား"
"မင်းကိုယ်တိုင် သဘောတူထားတာကို ငါက ဘာလို့ ထပ်မေးနေရမှာလဲ"
"ဒယ်ဒီ... ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်က ကံယကာရှင်လေ။ အခုက.... "
"ကုန်းကျွင့်.... မင်း စကားတွေက ဘယ်ကို ဦးတည်နေတာလဲ။ မင်းသဘောတူတယ်ဆိုလို့ ငါစီစဉ်လိုက်တာ။ ဒီမင်္ဂလာပွဲက အခုမဟုတ်လဲ နောက် အနှေးနဲ့ အမြန်ဖြစ်လာမှာပဲ"
"ကျွန်တော် လက်မထပ်ချင်ဘူး။ ဘာလို့ အခုချိန်မှလဲ"
"နောက် 3 လ နေရင် ရှယ်ယာရှင် အစည်းအဝေးရှိတယ်။ အဲ့ဒီမှာ ငါတို့ တံဆိပ်အသစ် ခွဲထွက်ဖို့က May တို့နဲ့ ပူးပေါင်းမှ ရမှာ"
"ဒယ်ဒီတို့ စီးပွားရေး လောဘတွေအတွက်နဲ့တော့ ကျွန်တော့်ကို အသုံးမချပါနဲ့လား"
"မင်း စကားကို ပြင်လိုက် ကုန်းကျွင့်။ မင်းသာ ခေါင်းမညိတ်ခဲ့ရင် ငါဒီမင်္ဂလာပွဲကို စီစဉ်စရာ အကြောင်းမရှိဘူး"
ဒယ်ဒီ့ဘက်က ဖုန်းချသွားပြီမို့ ကုန်းကျွင့်စိတ်တိုကာ ဖုန်းကို ပေါက်ခွဲပစ်လိုက်သည်။ ပြီးမှ သူ ကျန်းလောင်ရှီးဆီ ဖုန်းဆက်ရဦးမည်ကို သတိရလို့ ဖုန်းကို ကြည့်လိုက်တော့ ဖုန်းမှန်က ကွဲနေလေပြီ။
"ဟာကွာ..... ကျစ်"
"ဒေါသတွေကို ဖုန်းပေါ်ပုံချပစ်လိုက်တာလား Simon"
"May ....ငါ ပြောစရာရှိတယ်"
"နင် ဘာပြောမလဲ ငါသိတယ်။ လောလောဆယ် ငါတို့ အစည်းအဝေးအတွက်ပဲ အာရုံစိုက်ရအောင်"
"ဒါပေမယ့်.. "
"ဒါပေမယ့် မနေနဲ့ နှစ်ချုပ်အစည်းအဝေးက အရေးကြီးတယ်။ ပြီးတော့ ဒါက ဒယ်ဒီ ငါ့ကို ပထမဆုံး ပေးတဲ့ တာဝန်ပဲ။ တခုမှ မှားသွားလို့ မဖြစ်ဘူး"
"အင်းပါ... ဒါဆိုလဲ အရင်ဆုံး ဖုန်းသွားပြင်ရအောင်"
"ပြောပါတယ် ဒေါသကို ပစ္စည်းတွေ အပေါ်မပုံချနဲ့လို့ နင်ဟာလေ အဲ့ဒီအကျင့်က ငယ်ကတည်းက မပျောက်ဘူး"
YOU ARE READING
ငဲ့စရာများထဲမှာ (ZG/UN)
Fanfictionတကယ်ဆို ကိုယ်နဲ့မင်းက မှားယွင်းစွာ တွေ့ဆုံခဲ့ကြတဲ့လူတွေ ကျန်းကျယ်ဟန့် ဘယ်သူမှားလဲ ဘယ်သူမှန်လဲ အမှားနဲ့ အမှန် လွန်ဆွဲကြတဲ့ ပွဲမှာ နောက်ဆုံး ချစ်တဲ့သူက အရှုံးပေးရတာပါပဲ ကုန်းကျွင့် တကယ်ဆို ကိုယ်နဲ...