Part-17

192 40 27
                                    

ဟိုတယ်အပြင်ရောက်မှ ကျန်းကျယ်ဟန့်မှာ စိတ်ပေါ့ပါးသွားရကာ သက်ပြင်းချမိရသည်။
ကုန်းကျွင့်လက်ကို လွှတ်ချလိုက်ကာ

"ကျေးဇူးပဲ ကျွင့်ကျွင့်"
"မလိုပါဘူး ဒီလူနဲ့ ဒီလူကို....။ ပြီးတော့ တကယ်ရော bff မဟုတ်လို့လား"
"ဟုတ်မနေဘူး!!"
"ဘာလဲ ကျွန်တော့်ကို best friend လို့တောင် မသတ်မှတ်ဘူးလား"
"အာ..."

မျက်နှာကြီးနီပြီး တဖက်လှည့်သွားသော ကျန်းလောင်ရှီးကို ကြည့်ပြီး ကုန်းကျွင့် ပြုံးမိသွားသည်။
ဒီလူသားနှယ် ဒါလေးပြောတာကို အဲ့လောက်ရှက်စရာလိုလို့လား။

ဟိုတယ်ရှေ့မှာ လမ်းကူးလိုက်လျှင် ပလက်ဖောင်းတီးဝိုင်းလေး တစ်ခုရှိနေသည်။ ဟိုတယ် ပန်းခြံဧရိယာ အတွင်းမှာပဲ ဖြစ်ကာ လူတချို့ကလဲ ရပ်ကာ အားပေးနေကြသည်။

ကုန်းကျွင့်က ထိုတီးဝိုင်းဆီ လျှောက်သွားကာ တီးဝိုင်းက လူတွေကို တစုံတရာ ပြောနေသည်။ ဟိုကလဲ ခေါင်းတညိတ်ညိတ်နဲ့ ကုန်းကျွင့်လက်ထဲကို မိုက်ထည့်ပေးလိုက်လေသည်။

အဲ့ဒါကို မြင်တော့ ကျန်းကျယ်ဟန့်တို့ ခေါင်းမီးတောက်ရလေပြီ။
တီးဝိုင်းမှာ မိုက်ကိုင်ထားပြီဆိုမှတော့ သီချင်းဆိုမလို့ပေါ့။

ဟင့်အင်း.. မဖြစ်ဘူးလေ။ ကုန်းကျွင့်ရဲ့ ဝူးဟူးဆိုတုန်းက စကေးကို သူကောင်းကောင်းသိထားတယ် မဟုတ်လား။ အဲ့တုန်းက ကိုယ့်လူတွေပဲမို့ ကိစ္စမရှိပေမယ့်
အခုက public area ဖြစ်သည့်အပြင် လူကလဲ မနည်း။

*ဟမလေး.. ကုန်းကျွင့်ရေ..။ မင်းဆိုချင်တာ အရေးမကြီးဘူး။  ငါ့ရဲ့ မျက်နှာ ဘယ်နားသွားဖွက်ထားရမလဲ ပြောပါဦးလား။ ဒါမှမဟုတ် အငွေ့ပျံပြီး ပျောက်သွားလို့ ရမလား။*

သူကသာ ကမ္ဘာပျက်နေတာ။ ဟို အမောင်ကုန်းကျွင့်ကတော့ အေးအေးလူလူပင် သီချင်းဆိုဖို့ ပြင်ဆင်နေလေရဲ့။

တီးလုံးသံထွက်လာသည်နှင့် ကျန်းကျယ်ဟန့်မှာ မျက်လုံးကို စုံမှိတ်ပြီး ခေါင်းငုံ့ကာ အသက်ပင်မရှူရဲဘဲ နားစွင့်ထားမိသည်။

တီးလုံးသံတွေကြားက သီချင်းဆိုသံလေး ထွက်လာတော့ ဇွတ်မှိတ်ထားသော ကျယ်ဟန့်၏ မျက်လုံးတို့မှာ ပြေလျော့သွားရပြီး အံ့ဩခြင်းတို့ကြောင့် ဝိုင်းစက်သွားရသည်။

ငဲ့စရာများထဲမှာ (ZG/UN)Where stories live. Discover now