Part-29

211 39 16
                                    

Zawgyi//

ကော်ဖီဆိုင်လေးအရှေ့မှာ ကောင်လေးတယောက် ရပ်နေသည်။ အရပ်ရှည်ရှည်နှင့် ကြည့်ကောင်းလှသော ထိုကောင်လေးက ကုန်းကျွင့်ကလွဲရင် ဘယ်သူမှ မဖြစ်နိုင်။

"ကောင်လေးက ပိန်သွားလိုက်တာ"

မတွေ့ရသည့် ရက်အနည်းငယ်အတွင်းမှာ ပါးဖောင်းဖောင်းလေးက သိသိသာသာ ပိန်ကျသွားသည်။
ထိုကောင်လေးကိုတော့ ကျန်းကျယ်ဟန့်က ကားပေါ်ကနေ မျက်တောင်မခတ်တမ်း ကြည့်နေလေသည်။
သူသည်လဲ ဘာထူးလဲ။ မျက်နှာတခုလုံး ဖြူဆုတ်ဆုတ်ဖြစ်ကာ မျက်ကွင်းများပင် ညိုနေပြီ။

"မင်း မဆင်းဘူးလား"

ဟွမ်ယူမင်ရဲ့ အမေးကို ကျယ်ဟန့် ခေါင်းသာ ယမ်းပြလိုက်သည်။
မနေ့ကညက မသွားဘူးဟု ဆုံးဖြတ်ထားသော်လဲ တကယ်တမ်းကျ ချစ်ရသူရဲ့ မျက်နှာကို တွေ့ချင်စိတ်က ထိန်းမရတာကြောင့် ကော်ဖီဆိုင်နှင့် မလှမ်းမကမ်းမှာ ရောက်နေတာဖြစ်သည်။

တယောက်က ကော်ဖီဆိုင်ရှေ့မှာ နာရီတကြည့်ကြည့်နှင့် စောင့်နေတာကို တယောက်က ကားပေါ်ကနေ ခပ်ဆွေးဆွေးကြည့်နေသည်။

အချိန်အားဖြင့် 3 နာရီလောက် ကြာပြီးချိန်မှာတော့ ညသည်လဲ မှောင်စပြုကာ မိုးသည်လဲ တဖြောက်ဖြောက်ကူလာသည်။

ကော်ဖီဆိုင်ရှေ့က ကောင်လေးကတော့ ဆိုင်ထဲမဝင်ဘဲ ပေကပ်ရပ်နေကာ လမ်းမီးတိုင်အောက်မှာ မိုးစက်တွေနဲ့အတူ စောင့်နေဆဲ။ 

"ကျစ်... မိုးရွာနေတာကို ဒီကောင်လေး မပြန်သေးဘူးလား"

"မင်း တကယ် သွားမတွေ့ဘူးလား"

"ဟင့်အင်း"

"ဒါနဲ့များ ဘာလို့ ဒီထိ လာနေရသေးလဲ"

ကျန်းကျယ်ဟန့်က ဘာမှမဖြေပဲ ကောင်လေးကိုသာ ကြည့်နေမိသည်။
ဒီကောင်လေးဟာ သူ့အသက်မျှ ချစ်ရပါသော တစ်ဦးတည်းသော လူသားလေး။ ဒီလို မိုးရေထဲမှာ မတုန်မလှုပ်ရပ်စောင့်နေတာကို ကြည့်ပြီး အသည်းတနေရာက တဆစ်ဆစ်နာလာသည်။

တအောင့်ကြာတော့ ကျန်းကျယ်ဟန့်က လက်ဝါးတဝက်စာ ဗူးလေးတစ်ခုကို ရှောင်ဟွမ်လက်ထဲသို့ ထည့်ပေးလိုက်သည်။
ရှောင်ဟွမ်က မျက်ခုံးတဖက်ပင့်ကာ

ငဲ့စရာများထဲမှာ (ZG/UN)Where stories live. Discover now