Unicode (5)

387 33 0
                                    

ငယ်သူမို့မသိပါ
HunHan

*ဘိုးတော်ကဖက်ထားတာအခုထိမလွှတ်သေးဘူး.. နေမကောင်းလို့အသားတွေနာရတဲ့ကြားထဲအတင်းဖက်ထားတာ..အသက်ရူတွေတောင်ကျပ်လာပီ ဘယ်လိုလုပ်ရပါ့မလဲ😢*

Hannieကိုယ်သေးသေးလေးက Sehunရင်ခွင်ထဲမှာမြုပ်လို့ အသားတွေကြေပီး အရိုးတွေကျိုးကုန်ပီလားမသိ..

Hannieနည်းနည်းလေးရုန်းကြည့်သည်။

"ကိုယ့်ကိုမကြောက်ပါနဲ့.. ကိုယ်ဘာမှမလုပ်ပါဘူး.. "

Sehunပြောသည်အား Hannieစိတ်မ၀င်စား.
Sehunရင်ခွင်ထဲကထွက်ရဖို့သာအဓိက.. နည်းနည်းရုန်းမရတော့ အတင်းရုန်းထွက်သည်။

"ကလေး အတင်းမရုန်းပါနဲ့.. ကိုယ့်ကိုကြောက်တုန်းလား?"

"ဟ.. အသက်ရူတွေကျပ်လာပီဗျ.. မရုန်းလို့... အသက်ရူမရလို့အသက်ထွက်သွားတဲ့အထိနေနေရမှာလားပြော"

Sehunမွာ လက်နောက်ပြန်ထောက်ရပ်နဲ့ နောက်လှန်သွားသည်။ခုနကတော့ လူသတ်သမားကိုတွေ့လိုက်ရသလိုနဲ့ လက်အုပ်လေးချီပီးတောင်းပန်ပုံကသနားစရာ..

အခုများတော့ သူ့ကိုယ်ကြီးကိုတွန်းလွှတ်လိုက်တာများ ကွမ်ရင်မယ်တော်ကယ်တင်ပေးလိုက်သည့်လူနီလေးလို.. ခွန်အားအပြည့်နဲ့..

အခုမှဘဲ Hannieအစစ်ကိုပြန်ရတာ.. ခုနကလို က်နော့်ကိုကြောက်နေတဲ့Hannieမဟုတ်ဘဲ တွေ့ခါစက စွာတေးလန်Hannieလေးကိုပြန်ရလိုက်ပီ..

"ဂွီ"

Hannieဆီကအသံကြောင့် Sehunရယ်လိုက်သည်။သည်ကလေး ဘာမှမစားရသေးဘဲ ဖျားပီးအိပ်ပျော်နေတာကိုး..

"Hannieဗိုက်ဆာပီလား?ဘာစားချင်လဲပြော ကိုယ်လုပ်ပေးမယ်"

"Hannieကထမင်းဘဲစားချင်တာ"

"ထမင်းစားလို့မရဘူးလေ.. Hannieကနေမှမကောင်းတာ.စွပ်ပြုတ်ဖြစ်ဖြစ်သောက် ကိုယ်သွားလုပ်ပေးမယ်နော်... Hannieနိုးနေရင်အောက်ထပ်ဆင်းပီး လမ်းလေးဘာလေးလျှောက်လေ.. ထပ်မအိပ်နဲ့ဦး ခေါင်းမူးမယ်"

"ဟုတ်"

"လာHannie"

"ဘာ..ဘာလုပ်တာလဲဗျ.. ကိုယ်ဘာကိုသွားနိုင်တယ်"

ငယ်သူမို့မသိပါ (Uni+Zawgyi) (Complete)Where stories live. Discover now