Unicode (2)

486 40 0
                                    

🍐 ငယ်သူမို့မသိပါ 🍐
🍎HunHan🍎

.. တိုက်တာကြီးတွေ.. ကားတွေတ၀ီ၀ီသွားလာနေတာတွေကိုမြင်ပီး Hannieငိုဖို့ပင်မေ့နေခဲ့သည်။

ရွာကထွက်ခါစကတော့ မျက်ရည်တွေကျလို့..
ရွာထိပ်ကနေစောင့်ကြိုနေတဲ့ ကစားဖော်ကလေးတွေကလဲ ကားနောက်ကနေမမောမပန်းပြေးလိုက်ပီးနှုတ်ဆက်ကျသည်။ရွာထဲက အခြားသူတွေကလဲ လက်တရမ်းရမ်နှုတ်ဆက်ကျတော့ ကားပေါ်ကနေ ၀မ်းနည်းပက်လက်ငိုလို့ Baekတို့ချော့ရသေးတယ်..

တလမ်းလုံးလဲငိုလာလိုက်တာ Seoulမြို့ဆိုတာကြီးကိုရောက်တော့မှ အထူးအဆန်းတွေကိုမြင်ပီး ငိုဖို့သတိမရတော့တာပင်..

ကားလေးကParkအိမ်တော်ထဲမောင်း၀င်လာသည်။hannieမွာ ပါးစပ်အဟောင်းဲသားနဲ့လိုက်ကြည့်နေသည်။နန်းတော်ကြီးတမျှခမ်းနားလှတဲ့ ဒီအိမ်ကြီးမှာသူနေရမှာ ယုံတောင်မယုံနိုင်သေး..

"Daebak.. အိမ်ကြီးကလှလိုက်တာ"

"သား hannieလာလေ"

"Nae baek omma"

အိမ်ထဲရောက်တော့ ပါးစပ်တောင်မပိတ်နိုင်..
မြင်ရသမ်ွက TVထဲမှာမြင်ဖူးသည့်အိမ်မျိုး..

"သား ထိုင်"

Yeol appaထိုင်ဆိုသည့်ထိုင်ခုံကြီးမှာ hannie၀င်ထိုင်တော့ ဆိုဖာမို့အိကျသွားသည်။

အိမ်မှာရှိသမျှ အလုပ်သမားတွေကို Yeolကခေါ်လိုက်သည်။

"အားလုံးဘဲမှတ်ထားကျ.. သူ့နာမည်က Choi Luhan.. Xiao Hannieလို့ခေါ်ကျတယ်.. ဒီနေ့ကစပီး ဒီအိမ်မှာနေမှာ.. သူ့ကို မြေးလေးdaeulလိုဘဲ လုပ်ပေးရမယ်.. သူကဒီအိမ်သားဖြစ်သွားပီ"

အသက်၁၇နှစ်ကျော် ၁၈နှစ်ထဲသာရှိသေးသည့်hannieက သူတို့အတွက်တော့ ကလေးသာသာမို့ daeulလေးနဲ့တန်းတူပြောလိုက်တာပင်..

"MiMi.. သားငယ်ဘေးကအခန်းကိုရှင်းလိုက်.. arjima. အအေးဖျော်ခဲ့.. MiMi.. hannieအထုတ်သယ်သွား"

အ၀တ်ထုတ်ကလေးကို ရင်ခွင်ထဲပိုက်ထားသည့်hannieမှာ သူ့လက်ထဲကလာယူသည်ကို ပြူးကြောင်ကြည့်နေပီးမှ ထည့်ပေးလိုက်သည်။

"သား hannieအအေးသောက်.. အသီးစား"

"ဟုတ်"

ခနအကြာ..

ငယ်သူမို့မသိပါ (Uni+Zawgyi) (Complete)Donde viven las historias. Descúbrelo ahora