ငယ်သူမို့မသိပါ
HunHan"Hannieရေ.. Hannie"
ခြံ၀ကခေါ်သံတစ်ခု..
Hannieခြံထဲမှာ ပန်းပင်အသစ်တွေစိုက်နေတုန်း ခေါ်သံကြောင့်ခေါင်းမော့ကြည့်တော့ Wendyနဲ့Joy.. Wendyနဲ့Joyက ရွာမှာအလှဆုံးကောင်မလေးနှစ်ယောက်ဖြစ်သလို Hannieရဲ့ငယ်သူငယ်ချင်းတွေ..
"Hannie"
"ငါ ဒီမှာ..အာပြဲကြီဲဲနဲ့အော်မနေနဲ့ Wendyမ"
"နင်ကအသံလေးဘာလေးပေးပါလား?မကြားဘူးမှတ်လို့အော်ရတာပေါ့ဟဲ့"
"ဘာလာလုပ်တာလဲ?"
"မြို့ကအပြန် ငါတို့၂ယောက်အတွက်ဘာလက်ဆောင်ပါလဲလာမေးတာ"
"ဘာမှမပါဘူး..ငါကကျောင်းသွားတက်တာ အပျော်ခရီးသွားတာမဟုတ်ဘူး"
"ဟွန့်ကောင်စုတ်.. နည်းနည်းမှအားကိုးလို့မရဘူး"
"Joyမနင်ကငါ့ကိုအားကိုးချင်တာလား?စကားထဲကဇာတိပြလာပြီ.. နင်ဘယ်ချိန်ကထဲက ငါ့ကိုကြိတ်ကြံနေတာလဲ?"
"အော့.. ရွံစရာတွေလာပြောနေ.. နင့်ကိုများကြံရဦးမယ်.. ပြောရဲဆိုရဲလိုက်တာ"
"အေးလေ နင့်သူငယ်ချင်းဘဲ ဒီလောက်တော့ရှိမှာပေါ့"
Hannieစကားကြောင့် Hannieအား Joyထုတော့သည်။
"Yarrr.. လက်ကြမ်းကြီဲးနဲ့လာထုမနေနဲ့.. ငါ့အသားနုနုလေးပဲ့သွားမယ်"
"ပဲ့ရုံတင်မဟုတ်ဘူး.. ပြာပါကျရမှာ"
"ငါအဲ့လိုဖြစ်သွားရင် နင်တို့အသည်းထိုင်ကွဲမနေနဲ့နော်"
"ကျွတ် ကျွတ် ကျွတ်.. Xiao Hannieတယောက် မြို့တက်ပီးကျောင်းလေးသွားတက်ရပါတယ်..ဘ၀င်ရူးရောဂါပါပါလာပီ.. Joy ငါတို့ပါကူးကုန်မယ်ဟ"
"ဒီကoppaက.. မြို့က၀ယ်လာတဲ့မုန့်တွေကျွေးမလို့စဉ်းစားနေတာကို အခုလိုဆိုတော့မကျွေးတော့ဘူး စိတ်ပြောင်းသွားပြီ"
Hannieပြောတော့ Wendyန့ဲJoyတို့ပြုံးသွားသည်။မုန့်ကျွေးမယ်ဆိုလို့..
ငယ်ကထဲက ကစားဖော်ကစားဖက် ကျောင်းနေတော့လဲအမြဲအတူမို့ အားမနာစတမ်းတယောက်နဲ့တယောက်နှိပ်ကွပ်ကျသည်။
YOU ARE READING
ငယ်သူမို့မသိပါ (Uni+Zawgyi) (Complete)
FanfictionLuhan💙Sehun hun:"ဒီအိမ်ကSehunဆီလာတာ" lu:"sehun?..အော် သိပီ သိပီ.. sehunဆိုတာ အဖြူရောင်အမွှေးစုတ်ဖွားနဲ့ ခပ်ချေချေခွေးလေးကိုပြောတာမလား?" Sehun💙Luhan hun:"ဒီအိမျကSehunဆီလာတာ" lu:"sehun?..အော် သိပီ သိပီ.. sehunဆိုတာ အဖြူရောင်အမွှေးစ...