🐣32🐣

4.6K 564 45
                                    

🍂ငယ်​သူမို့မသိပါ🍂
🌳HunHan🌳

"ဟင်​ ဦးဆယ်​​ရော.. ဟူး"

မနက်​လင်း​တော့ Hannieနိုး​နေကျအချိန်​တိုင်း သူ့အလိုလိုနိုးတတ်သည်​။

ဘေးကအိပ်​ယာကိုကြည့်​လိုက်​​တော့ အိပ်​ယာကအပြန့်​သား.. ဒီပုံအတိုင်းဆို ဦးဆယ်​က ညကအခန်းထဲဝင်​မအိပ်​ခဲ့ဘူးဘဲ..

Hannieသက်​ပြင်းချကာ ​ရေချိုးခန်းထဲဝင်​လိုက်​သည်​။ရေချိုးပီး ​ကျောင်းသွားဖို့ပြင်​ဆင်​ရသည်​။ကျောင်းသွားဖို့​ကျောပိုးအိတ်​ကိုယူပီးထွက်​မယ်​ကြံလိုက်​​တော့ အိတ်​အလွတ်​တစ်​ခုကြီးသာ​ပေါ့​ပေါ့​လေးသာပါလာသည်​။

အိတ်​ကိုဇစ်​ဖွင့်​ကြည့်​လိုက်​​တော့ စာအုပ်ေ​တွမရှိ.. အရင်​ကဆို ​ရေချိုးပီးထွက်​လာရင်​ အ၀တ်​အစားလဲပီး အိတ်​ကို​ကောက်​လွယ်​လိုက်​ရုံသာ.. ဦးဆယ်​က စာအုပ်​​တွေကိုအကုန်​ထည့်​​ပေးပီးသား.. ပိုက်​ဆံအိတ်​ပါမကျန်​ ​သေ​သေချာချာထည့်​​ပေးတတ်​တာ..

ကျောင်းကပြန်​လာပီဆိုရင်​လဲ Hannieကလွယ်​အိတ်​ကိုစားပွဲ​ပေါ်ပစ်​ချထားလိုက်​တာဘဲ...ဒါ​ပေမဲ့ Sehunက​တော့ အဲ့လိုမဟုတ်​ Hannieလွယ်​အိတ်​ထဲကစာအုပ်​​တွေကိုစားပွဲမှာ​သေချာပြန်​ထားသည်​။ ​ဘောပင်​ကအစ ​ဘောပင်​ထည့်​တဲ့ခွက်​ထဲပြန်​ထည့်​သည်​။ပီးရင်​ ​အိတ်​အလွတ်​ကိုတိုင်​​လေးမှာ​သေချာချိတ်​​ပေးသည်​။

Hannieဘာမှလုပ်​စရာမလို​အောင်​ Sehunကအ​သေးအမွှားကအစလိုက်​လုပ်​​ပေးတတ်​​တော့ Hannieအကျင့်​ပျက်​​နေတာ..

စာအုပ်​​တွေထည့်​ပီး ​အောက်​ဆင်းလာ​တော့ ထမင်းစားခန်းမှာ ဦးဆယ်​ကလွဲလို့ကျန်​တဲ့သူ​တွေအကုန်​ရှိ​နေတယ်​.. ဦးဆယ်​ ဘယ်​သွားတာပါလိမ့်​..

"သားHannie နိုးပီလား?ထိုင်​ ommaကမနိုး​သေးဘူးထင်​ပီးလာနိုးမလို့"

"Omma ဦးဆယ်​​ရော"

"သားရဲ့ဦးဆယ်​က အ​စောကြီး​ဆေးရုံထွက်​သွားတယ်​.. ဘာလို့လဲ​တော့​ပြောမသွားဘူး အ​ရေးကြီးကိစ္စရှိလို့ထင်​တယ်​. သားကို Chen hyungက​ကျောင်းလိုက်​ပို့​ပေးလိမ့်​မယ်​"

ငယ်သူမို့မသိပါ (Uni+Zawgyi) (Complete)Dove le storie prendono vita. Scoprilo ora