ငယ်သူမို့မသိပါ
HunHan"အ"
နဖူးကိုတောက်ခံလိုက်ရ၍ အော်လိုက်မိသည်။
"ဦးဆယ်"
"အေးငါဘဲ.. မင်းကိုခေါ်နေတာ ၅ခါရှိပီ.. ငါ့ကိုဘဲပြူးကြည့်နေတာ ထိုင်ရာကမထဘဲ စိတ်နဲ့လူနဲ့ကောကပ်လား?"
ဦးဆယ်ပြောမှ Hannieလဲသတိ၀င်လာတာ.
Junပြန်သွားပီးမကြာဘူး.Layလဲပြန်သွားတယ်..သူတယောက်ထဲကျန်ခဲ့ပီး ဦးဆယ်ကိုထိုင်စောင့်နေခဲ့တာ.. ဦးဆယ်သူ့အနားရောက်လာလို့ ရောက်လာမှန်းမသိခဲ့ဘူး.. တကယ်ဘဲ Hannieစိတ်နဲ့ကိုယ်နဲ့မကပ်ခဲ့ဘူး.."ဟို Hannieအိပ်ချင်နေလို့ပါ"
"အိပ်ချင်လဲ အိမ်ရောက်ရင်အိပ်.. အခုကားပေါ်တက် ငါdutyပြန်၀င်ရဦးမယ်"
"Nae"
Hannieကားပေါ်ရောက်တော့လဲ ကားမှန်ကနေအပြင်ကိုငေးပြီး စိတ်တွေလွှင့်နေခဲ့သည်။ဘာဖြစ်နေတာလဲမသိ.. တခုခုကိုလွမ်းသလိိုလို
ငိုချင်တာလိုလို.. တနေရာရာကိုဘဲသွားချင်နေတာလိုလို.. ဘာဖြစ်နေမှန်းကိုမသိတာပါ.."Yarrr Xiao Hannie"
ဦးဆယ်ရဲ့နားနားကပ်ကာအော်သံကြောင့် Hannieကိုယ်လေးတုန်သွားရသည်။
"ဗျာ"
"မင်းအသက်တော့ရှိသေးသားဘဲ.. မင်းကိုမေးနေတာ ရေခဲမုန့်စားမလားလို့"
"စားမှာ.စားမှာ"
"ဟွန့် အဲ့တာမျိုးကျ ၂ခါမမေးရဘူး"
ရေခဲမုန့်ဆိုင်ကိုမြင်၍ Hannieကိုစားမလားမေးတော့ အဖက်မလုပ်.. နားနားကပ်အော်မှ အသိ၀င်လာတော့တာ..ဒီကလေး ဘာဖြစ်နေမှန်းမသိဘူး.. အစားကျ၂ခါမေးစရာမလိုဘူး တန်းဖြေတာ.. Sehunကားကို ရေခဲမုန့်ဆိုင်ရှေ့ရပ်လိုက်သည်။
Sehunကားပေါ်ကဆင်းတော့ Hannieပါအိတ်လေးလွယ်ပီးဆင်းလိုက်သည်။ဆိုင်ထဲ၀င်ပီး လွတ်နေတ့ဲစားပွဲမှာ၀င်ထိုင်လိုက်ပြီး waiterလေးလာပေးသည့် မီနူးကတ်လေးကိုကြည့်လိုက်သည်။
"ဘာစားမှာလဲ?"
ဦးဆယ်ကမေးတော့ Hannieလဲကတ်ထဲက ပုံလေးကိုလက်နဲ့ထောက်ပြလိုက်သည်။စတော်ဘဲသီးရေခဲမုန့်.. ရေခဲမုန့်အပေါ်ကနေ စတော်ဘဲသီးလေးတွေပါစားချင်စဖွယ်လုပ်ထားသည်။
YOU ARE READING
ငယ်သူမို့မသိပါ (Uni+Zawgyi) (Complete)
FanfictionLuhan💙Sehun hun:"ဒီအိမ်ကSehunဆီလာတာ" lu:"sehun?..အော် သိပီ သိပီ.. sehunဆိုတာ အဖြူရောင်အမွှေးစုတ်ဖွားနဲ့ ခပ်ချေချေခွေးလေးကိုပြောတာမလား?" Sehun💙Luhan hun:"ဒီအိမျကSehunဆီလာတာ" lu:"sehun?..အော် သိပီ သိပီ.. sehunဆိုတာ အဖြူရောင်အမွှေးစ...