ငယ်သူမို့မသိပါ
😚HunHan😚Sehunထွက်သြားတော့ Hannieချိုင့်တွေပြန်ဆင့်ကာ ခြင်းထဲထည့်သိမ်းလိုက်သည်။ခြင်းထဲသိမ်းပီးပြန်အလှည့်..
"အား အမေ့"
နောက်ကနေတောင့်တောင့်ကြီးလာရပ်နေတဲ့Krisကြောင့် Hannieမှာလန့်သွားရကာ ဖင်ထိုင်ရက်ပြုတ်ကျသည်။
Hannieအထိတ်တလန့်ဖြစ်သွားတဲ့ပုံကို Krisကစူးစူးစိုက်စိုက်ကြည့်ပြီး.
"ဘာလို့သရဲကိုတွေ့သလို လန့်သွားရတာလဲ?"
"ကိုကိုကအသံမပေးဘာမပေးနဲ့ရပ်နေတာကိုး..ရုတ်တရက်ကြီးမြင်တော့လန့်တာပေါ့.. ဘယ်သူမဆို ရုတ်တရက်ဆိုလန့်ကျတာဘဲ သရဲကိုတွေ့မှမဟုတ်ဘူး..အကိတ်နဲ့နတ်သမီးကိုမြင်ရင်လဲလန့်မှာဘဲ"
"ထားပါတော့"
"ကိုကိုအခုမှရောက်တာလား?Layနဲ့Junကမလာသေးတာလား?အတန်းထဲအရင်သွားနှင့်ပီလားမသိဘူး"
"ကိုကိုကရောက်တာကြာပြီ.. ကြည်နူးစရာအတွဲလေးကိုမြင်လို့ရပ်ကြည့်နေတာ"
"ဟုတ်လား?ဘယ်လိုလေးလဲဟင်ကိုကို"
"မုန့်ခွန့်ကျွေးနေတာလေ.. ရေသောက်ပြီးလို့ကျန်နေတဲ့ရေစက်တောင်လက်လေးနဲ့သုတ်ပေးလိုက်သေးတယ်.. ရိုတယ်နော်"
ကိုကိုပြောနေတာ Hannieနဲ့ဦးဆယ်ကိုဘဲ.
"ကိုကိုနော်..ဘာအတွဲလဲ.. Hannieတို့ကရိုးရိုးသားသားပါ..Hannieကြောင့် ဦးဆယ်မနက်စာလွှတ်သွားလို့ Hannieထမင်းဘူးထဲကနေ နည်းနည်းဘဲဗိုက်ပြည့်ပြည့်ဆိုပီးကျွေးနေတာ"
"Xiaoလေးတို့ကရိုးရိုးသားသားပေမဲ့ ပတ်၀န်းကျင်ကလူတွေကတော့ရိုးရိုးသားသားလို့်မမြင်ဘူးလေ.. လူများတဲ့ကျောင်း၀န်းထဲမှာတော့အနေအထိုင်ဆင်ခြင်သင့်တယ်"
"ကိုကို!! အနေအထိုင်ဆင်ခြင်ပါပြောရအောင် Hannieတို့ကမဖွယ်မရာလုပ်နေတာမဟုတ်ဘူး.. ဦးဆယ်နဲ့Hannieကရိုးရိုးသားသားပါလို့ ကိုကိုကို့ပြောပီးသားနော်"
"မင်းဘက်ကရိုးသားတာပါ.Park Sehunဘက်ကတော့ မင်းအပေါ်ရိုးသားရဲ့လား?မင်းကိုကြိတ်ချစ်နေတာမဟုတ်ဘူးလား?"
YOU ARE READING
ငယ်သူမို့မသိပါ (Uni+Zawgyi) (Complete)
FanfictionLuhan💙Sehun hun:"ဒီအိမ်ကSehunဆီလာတာ" lu:"sehun?..အော် သိပီ သိပီ.. sehunဆိုတာ အဖြူရောင်အမွှေးစုတ်ဖွားနဲ့ ခပ်ချေချေခွေးလေးကိုပြောတာမလား?" Sehun💙Luhan hun:"ဒီအိမျကSehunဆီလာတာ" lu:"sehun?..အော် သိပီ သိပီ.. sehunဆိုတာ အဖြူရောင်အမွှေးစ...