🐣24🐣

4.2K 516 41
                                    

💜ငယ်​သူမို့မသိပါ💜
💗HunHan💗

ဂျိမ်း ⚡⚡⚡

ဖြော ​ဖြော ​ဖြော ၀ှီး..

လျှပ်​စီး​တွေလျှပ်​ပီး ​လေပြင်း​တွေတိုက်​လာ​တော့ Hannieကိုယ်​​လေးတုန်​လာသည်​။မိုး​တွေခြိမ်း​တော့ပိုဆိုး နဂိုထဲက မိုးခြိမ်းတာနဲ့​လေအရမ်းတိုက်​ရင်​​ကြောက်​တတ်​သူမို့ မျက်​နှာကငိုမဲ့မဲ့ဖြစ်​လာသည်​။

မှောင်​ကျကာ ပတ်​၀န်းကျင်​တစ်​ခုလုံးအုံ့မှိုင်းသွားတဲ့အခါ Hannieမရ​တော့..

"ဦးဆယ်​ ​မှောင်​ ​မှောင်​သွားသလိုဘဲ​နော်​"

Sehunအနားကိုတိုးကာ အသံကတုန်​တုန်​ယင်​ယင်​ဆိုလာသည်​။Hannieလိုဘဲ Sehunလဲစိတ်​ပူ​နေမိသည်​။လေ​တွေအရမ်းကျပီး မိုး​တွေကမစဲ.. သူတို့ဝင်​​နေတဲ့​ကျောက်​ဂူ​သေး​သေးက အပြည့်​အ၀မကာကွယ်​နိုင်​တာမို့ Sehunစိုးရိမ်​​နေခဲ့သည်​။

⚡⚡⚡

သူတို့ခို​နေတဲ့​ကျောက်​ဂူအနားက သစ်​ပင်​ကြီးတစ်​ပင်​ဆီသို့ပစ်​လွတ်​လိုက်​တဲ့လျှပ်​စီး​ကြောင်းနဲ့အတူ ​နောက်​ဆက်​တွဲထွက်​​ပေါ်လာတဲ့မိုးကြိုးပစ်​သံ..

"၀ုန်း"

"အ​မေ့"

ဘယ်​​လောက်​မှမ​ဝေးတဲ့အကွာအ​ဝေးမို့ အနီးကပ်​မြင်​လိုက်​ရတဲ့လျှပ်​စီး​ကြောင်း.. အနီးကပ်​ကြားလိုက်​ရတဲ့မိုးကြိုးပစ်​သံအဆုံးမှာ Hannie​ကြောက်​လန့်​တကြားထ​အော်​ပီး Sehunကိုကုတ်​တွယ်​ထားလိုက်​​တော့သည်​။

"ဦးဆယ်​.. Hannie​ကြောက်​လာပီ.. ဒီထဲကိုမ​နေချင်​​တော့ဘူး.. အိမ်​ပြန်​ချင်​ပီ"

"မ​ကြောက်​နဲ့​နော်​ ကိုယ်​ရှိတယ်​.. အိမ်​က​တော့အခုလိုအ​ခြေအ​နေနဲ့ဘယ်​ပြန်​လို့ရပါ့မလဲ?.. ဒီည​တော့ ဒီမှာဘဲအိပ်​ရ​တော့မယ်​ထင်​တယ်​"

"ဟင့်​အင်း မ​နေချင်​ဘူး.. ​မ​နေဘူး..ပြန်​မယ်​ အခုပြန်​မယ်​"

"မဖြစ်​နိုင်​တာမ​ပြောစမ်းနဲ့သည်းငယ်​ငယ်​.. ဒီ​လောက်​မိုး​တွေသည်းပီး ​လေ​တွေတိုက်​​နေတာ ဘယ်​လိုလုပ်​သွားလို့ရမှာလဲ.. အိမ်​အ​ရောက်​မ​ပြောနဲ့ ဒီဂူထဲက​နေ ​ခြေနှစ်​လှမ်းသုံးလှမ်း​တောင်​လှမ်းမရဘူး.. "

ငယ်သူမို့မသိပါ (Uni+Zawgyi) (Complete)Where stories live. Discover now