ငယ်သူမို့မသိပါ
😗HunHan😗(အရမ်းဆွိမည်..ချောင်းဆိုးပျောက်ဆေးအရင်ကြိုသောက်ထားရန်😜)
"Hunမင်းကမမိုက်ဘူး..သစ္စာဖောက်ကောင်"
"အေးလေ နင်ကအဲ့လိုတော့မလုပ်သင့်ဘူး.. အမြဲ
တွေ့နေရတဲ့ငါတို့ကိုကျလျိုထားတာ"ဘာလား?သူ့ရုံးခန်းထဲစောစောစီးစီးရောက်ချလာပီး အရင်းမရှိ အဖျားမရှိပြောနေတဲ့KaiSooလင်မယား..
"ပြောစမ်းပါဦး.. မင်းလုပ်ပုံကောင်းသေးလားHun"
"အေးလေ"
လင်ကပြောတဲ့စကားကို မယားကထောက်ခံပေးသည်။ဒီလင်မယားတော့ တွေ့ရာနဲ့ကောက်ထုခံချင်နေပီ..
"မင်းတို့ဘာတွေလာပြောနေတာလဲ?.ငါတခုမှနားမလည်ဘူးကွ..လူနားလည်အောင်ပြော..မင်းတို့၀က်ဝံစကား..ပင်ကွင်းစကားတွေငါမသိဘူး"
"လဒ.. အေး မင်းကမသိချင်ယောင်ဆောင်နေတော့လဲ ငါကဘဲအစဖော်ပေးရမှာပေါ့ကွာ"
အံမယ်ပုံစံကိုက ရှားလော့ဟုမ်းပုံန့ဲ..
"မင်းမှာချစ်သူရှိနေတာကို ဘာလို့ငါတို့ကိုမပြောပြတာလဲ?ဆေးရုံတခုထဲ တစ်ဌာနထဲအတူတူလုပ်နေပီး ငါကမသိရဘူး...တခါတလေမှတွေ့ရတဲ့Kwang Minကျသိတယ်.. သူပြောပြမှငါသိရတာကောင်းလား?"
"အေးလေHunရယ်.. တကယ်ဆို နင့်ချစ်သူရှိတာအရိပ်အမြွက်လောက်တော့ပြောပြသင့်တယ်..အခုတော့ ငါတို့ကိုနင်ကတမင်လျိုထားတာမလား"
"မဟုတ်ပါဘူးကွာ.. ငါတို့ကုမ္ပဏီနှစ်ပတ်လည်အတွက် Kwang Minဟိုတယ်သြားတာ..အဲ့မှာKwang Minနဲ့စုံတာကွ.. ငါတမင်သူ့ကိုသွားပြောပြတာမဟုတ်ဘူး.. "
"Kwang Minပြောတာ မင်းချစ်သူကကောင်လေးဆို.. အသက်ကလဲတော်တော်ငယ်သေးတာတဲ့"
"အင်း.. ငါ့ထက်၁၀နှစ်ငယ်တယ်"
"ဟင်.. Hunမင်းဒီအရွယ်ထိရည်းစားမရလို့ လူအထင်ကြီးအောင်ကလေးကိုစပွန်ဆာပေးပီးတွဲနေတာလား?"
Hunပါးစပ်ကမပြောတော့ဘဲ စားပွဲပေါ်ကတံဆိပ်တုံးနဲ့Kaiကိုကောက်ထုလိုက်သည်။
"မင်းကြီးတော်ကြီး စပွန်ဆာပါလား?ငါ့ကလေးကိုစော်ကားမော်ကားနဲ့"
YOU ARE READING
ငယ်သူမို့မသိပါ (Uni+Zawgyi) (Complete)
FanfictionLuhan💙Sehun hun:"ဒီအိမ်ကSehunဆီလာတာ" lu:"sehun?..အော် သိပီ သိပီ.. sehunဆိုတာ အဖြူရောင်အမွှေးစုတ်ဖွားနဲ့ ခပ်ချေချေခွေးလေးကိုပြောတာမလား?" Sehun💙Luhan hun:"ဒီအိမျကSehunဆီလာတာ" lu:"sehun?..အော် သိပီ သိပီ.. sehunဆိုတာ အဖြူရောင်အမွှေးစ...