Unicode(3)

418 36 3
                                    

"ငယ်သူမို့မသိပါ"
HunHan

"ဟူး ခင်များက ViVi.. မချေတဲ့ခွေးက Sehun"

"ဘာကွ"

Sehunအော်လိုက်သည်ကြောင့် တုန်တက်သွားသည့်hannieခန္ဓာကိုယ်လေး..

"မင်းဦးနှောက်ကဒီနာမည်လေး၂ခုတောင်အလွတ်မရဘူးလား?အခုလေးတင်ပြောတာ အခုဘဲတလွှဲပြောတယ်.. ဒါနဲ့များ ဘယ်လိုအထက်တန်းအောင်လာပြီး တက္ကသိုလ်တက်မှာလဲ?"

Hannieပြောတာဘာမှားနေလို့လဲ?
မှန်နေတာကို.. သူကရော ဘာမို့လို့ hannieကို ​​ေဝဖန်နေရတာလဲ?

"မဟုတ်လို့လား?မှန်နေတာကို"

"ဘာမှန်တာလဲ?ခုနက မေမေမိတ်ဆက်ပေးသွားတာ ဘယ်လိုမျိုးလဲ"

"သားငယ်Sehunဆိုပီးပြောသွားတယ်လေ မဟုတ်ဘူးလား?"

Hannieသည် သူပြောတာမှန်တယ်.သူဦးနှောက်ကောင်းတယ်ဆိုတာကို Sehunသိစေရန် ခေါင်းလေးမော့ ရင်လေးကော့ပီး မိန့်မိန့်ကြီးပြောလိုက်သည်။

"Hannieပြောတာမှန်နေတာကိုလာပီးရန်ရှာနေတာ"

Hannieထင်နေသည်က သူပြောသည်ကအမှန်.. တကယ်တော့ သူပြောချင်တာကတခြား..ပါးစပ်ကပြောလိုက်တာတခြားဖြစ်နေသည်ဆိုတာhannieကိုယ်တိုင်ပင် သတိမထားမိ..

Sehunလဲ ထိုမလောက်လေးမလောက်စား ကလေးန့ဲဖက်မပြောလို၍ အိမ်ထဲ၀င်ဖို့ပြင်ပီးမှ ထိုကောင်လေးခြေထောက်ဆီအကြည့်ရောက်သွားသည်။

"နေပါဦး မင်းဖိနပ်ကရော"

"အိမ်ပေါက်၀မှာပေါ့"

"ဘာ..ဒါဆို မင်းကဒီနေရာကို ခြေဗလာန့ဲပြေးလာတယ်ပေါ့"

"အင်းလေ"

"ဟ မင်းဘယ်လိုကလေးလဲ.. ခြေတုံးလုံးသွားနေတာ မင်းခြေထောက်ဖုန်တွေသဲတွေကပ်မယ်.ပီးရင် အဲ့ခြေထောက်ကြီးနဲ့အိမ်ထဲ၀င်မယ်..အိမ်ထဲမှာပြောင်နေအောင်သန့်ရှင်းရေးလုပ်ထားတာ.မင်းခြေရာတွေထင်ကုန်မှာပေါ့ကွ.. ခြေဗလာနဲ့လျှောက်သွားတာ ရောဂါပိုးတွေကပ်ပါလာလိမ့်မယ်..သွားဖိနပ်သွားစီး"

"မစီးချင်ပါဘူး..ပူလွန်းလို့ ရွာမှာတောင်ခြေဗလာန့ဲလျှောက်သွားလာတာ ဘာရောဂါပိုးမှမကပ်ဘူး..အခုကျောက်ခင်းထားတဲ့ကြမ်းပြင်ပြောင်ရှင်းနေတာဖုန်လဲကပ်စရာမရှိ.. ပီးတော့ hannieအိမ်ထဲ၀င်ရင် ခြေသုတ်ပီးမှ၀င်တာ. လူကိုလာပြီးမအော်နဲ့မကြိုက်ဘူး"

ငယ်သူမို့မသိပါ (Uni+Zawgyi) (Complete)حيث تعيش القصص. اكتشف الآن