ငယ်သူမို့မသိပါ
HunHanHannieဒီနေ့အရမ်းစိတ်လှုပ်ရှားနေတယ်.
Hannieကျောင်းစတက်ရက်ရမဲ့နေ့..တက္ကသိုလ်ဆိုတာ ဘယ်လိုနေရာကြီးလဲ?
ဘာတွေရှိလဲ?သူငယ်ချင်းအသစ်တွေက ဘယ်လိုရှိလဲ?အားလုံး အားလုံးဘဲ သိချင်မိတယ်..ဦးဆယ်ကတော့ပြောတယ် တက္ကသိုလ်ဆိုတာ.လူပေါင်းစုံကျင်လည်ဲတဲ့နေရာတဲ့
ကောင်းတဲ့သူတွေကော.ဆိုးတဲ့သူတွေရော.
ဖြူတာတွေကော မဲတာတွေကော ကာလာစုံဘဲတဲ့လေ..တက္ကသိုလ်ရောက်ရင် ကောင်မလေးတွေချောချောလေးတွေလဲရှိမှာပေါ့. Hannieတို့ရွာက Wendyတို့ Joyတို့လောက်လှပါ့မလား?Wendyနဲ့Joyထက် လှရင်တော့ Hannieကတော့ ကြွေမှာဘဲ.. ဘာလို့ဆို Wendyနဲ့Joyက Hannieတို့ရွာမှာအလှဆုံးတွေမို့လေ..
"Hannieလေးရေ ပီးပီလား?အောက်ဆင်းခဲ့တော့"
"Nae noona"
အခန်းပြင်က noonaအော်သံကြောင့် အင်္ကျီလဲရင်းစဉ်းစားနေရာမှ မြန်မြန်ပြင်ဆင်ရသည်။
Baek ommaနဲ့Xiu noonaတို့၀ယ်ပေးတဲ့အင်္ကျီတွေက အရမ်းမိုက်သည်။ကျောပိုးအိတ်လေးကိုကောက်လွယ်ပြီး တခါမှန်ထဲပြန်ုကြည့်လိုက်ပြန်သည်။မှိုပွင့်လို ဆံပင်ခပ်အုပ်အုပ်အကောက်ကလေးနဲ့Hannieက အရမ်းချောမောနေလေသည်။
မှန်တင်ခုံဘေးက ချိတ်တန်းကိုလှမ်းကြည့်လိုက်သည်။ချိတ်တန်းမှာ ချိတ်ထားသည့် Vပုံသဏ္ဍန်အက္ခရာနဲ့အတူ ရှေ့လျာမှာသံကွင်းလေး၂ကွင်းတပ်ထားသည့်ဦးထုပ်သုံးလုံး.. အဖြူရောင်.အသားရောင်နဲ့ အနက်ရောင်သုံးလုံး.. အဲ့ဦးထုပ်၃လုံးက ဦးဆယ်၀ယ်ပေးထားတာလေ. ကြုံတုန်းလေးကြွားတာပါ..
"ဆောင်းသွားရမလား?"
စဉ်းစားပီးမှ မဆောင်းဖြစ်တော့..ဆံပင်ကေပျက်မှာစိုးလို့ပါ..
အောက်ထပ်ဆင်းခဲ့တော့ လိုက်ပို့ပေးမဲ့ဦးဆယ်က ခုံမှာထိုင်စောင့်နေသည်။
"သွားလို့ရပီ"
"သား Hannieလေး မနက်စာစားဦးလေ"
"မစားတော့ဘူးBaek omma.. သားစိတ်လှုပ်ရှားနေလို့ စားချင်စိတ်မရှိဘူး.. ရင်ဘတ်ထဲမှာတမျိုးကြီးဘဲ"
![](https://img.wattpad.com/cover/140831101-288-k904675.jpg)
KAMU SEDANG MEMBACA
ငယ်သူမို့မသိပါ (Uni+Zawgyi) (Complete)
Fiksi PenggemarLuhan💙Sehun hun:"ဒီအိမ်ကSehunဆီလာတာ" lu:"sehun?..အော် သိပီ သိပီ.. sehunဆိုတာ အဖြူရောင်အမွှေးစုတ်ဖွားနဲ့ ခပ်ချေချေခွေးလေးကိုပြောတာမလား?" Sehun💙Luhan hun:"ဒီအိမျကSehunဆီလာတာ" lu:"sehun?..အော် သိပီ သိပီ.. sehunဆိုတာ အဖြူရောင်အမွှေးစ...