Unicode (26)

320 10 4
                                    

ငယ်သူမို့မသိပါ
HunHan

"ကျွီ"

တံခါးဖွင့်သံကတိုးတိုးလေးပေမ့ဲ Hannieနားထဲမှာတော့ ၀ုန်းဒိုင်းကျဲနေသလို..

မင်္ဂလာဦးအခန်းလို့သတ်မှတ်ထားတဲ့အခန်းထဲကို ဦးဆယ်ရဲ့ပွေ့ချီခေါ်ခြင်း ခံလိုက်ရသည်။သူများတွေအတွက်လှပစွာပြင်ဆင်ထားတဲ့မင်္ဂလာဦးအခန်းက Hannieအတွက်တော့ သရဲခြောက်တဲ့အခန်းထဲကိုတစ်ယောက်ထဲ၀င်လာရသလို ထိတ်လန့်နေရသည်။

မနက်ပိုင်းမှာမင်္ဂလာပွဲ. ညဘက်မှာdinner.
ဦးဆယ်ရဲ့ဆေးရုံက မိတ်ဆွေတွေရောက်လာလို့ ဦးဆယ်ဧည့်ခံနေတုန်း mamaကိုပင်ပန်းလို့နားချင်တယ်လို့အကြောင်းပြပြီး ကိုယ့်အခန်းထဲကိုပြေးလာခဲ့တာ လှေကားအတက်မှာဘဲ နောက်ကနေပွေ့ချီခံလိုက်ရလေသည်။

ဘယ်လောက်ရုန်းရုန်း အားခြင်းမမျှတာမို့ ဦးဆယ်ခေါ်ဆောင်ရာ မင်္ဂလာဦးအခန်းထဲပါလာခဲ့တာပင်..

အခုဆို Hannieနဲ့​ဦးဆယ်က လူအများရှေ့မှာလက်ထပ်ပြီးသွားပြီ

လူအများရှေ့မှာ ကျမ်းသစ္စာတွေဆိုပီးကတိပြုခဲ့ကျပြီ..

လူအများရှေ့မှာ အကြင်လင်များတွေဖြစ်သွားကြပြီ

ဘယ်လိုမှနောက်ဆုတ်မရတော့တဲ့အနေအထားကိုရောက်သွားခဲ့ရပြီ

"ဟူး.. ဟင်!"

ကိုယ်ဘာသာတွေးချင်ရာတွေးပြီး သက်ပြင်းတွေချကာ ဘေးဘက်ကိုငဲ့အကြည့်.

သူကိုယ်လေးကခုတင်ပေါ်ရောက်နေပြီး ဦးဆယ်က သူ့ကိုမျက်တောင်မခတ်တမ်းစိုက်ကြည့်နေလေသည်။ ဦးဆယ်အကြည့်ကိုမခံနိုင်ဘဲ ခေါင်းကိုသာအတင်းငုံ့ထားလိုက်သည်။

ဖြတ်ခနဲ မနက်ကမိတ်ကပ်ပြင်တုန်းကအဖြစ်ကို ပြန်တွေးမိပြီး ပိုပြီးရှက်သွားကာ Hannieမျက်နှာလေးရဲသွားသည်။

မနက်က Hannieမိတ်ကပ်ပြင်တုန်းကပေါ့ ဦးဆယ်ကဘေးကနေတချိန်လုံးထိုင်ကြည့်နေခဲ့တယ်. မျက်တောင်မခတ်တမ်း တစိမ့်စိမ့်ထိုင်ကြည့်ခံနေရပါတယ်ဆို မိတ်ကပ်ပြင်ပေးတဲ့အန်တီကြီးကတစ်မျိုး.

"အန်တီမိတ်ကပ်ပြင်စားလာတာ အနှစ်နှစ်ဆယ်ရှိပြီ.. သားအငယ်လေးလောက်လှတဲ့သတို့သားလဲမလိမ်းပေးခဲ့ဖူးသလို... သားအငယ်လေးလိုလှတဲ့သတို့သမီးလဲမမြင်ဖူးခဲ့ဘူး.. ကြည့်ပါဦး ပြင်စရာတောင်မလိုဘူး မျက်နှာလေးက၀င်းမွတ်နေတာဘဲ. မျက်တောင်ကလဲအတုတပ်စရာမလိုအောင်ကော့နေလိုက်တာ.. မျက်လုံးလေးကလဲကြယ်လေးတွေလိုတလက်လက်နဲ့သမင်မျက်လုံးလေး.. နှုတ်ခမ်းကလဲ နှုတ်ခမ်းနီတောင်မဆိုးရဘဲရဲနေတာ အန်တီမိတ်ကပ်လေးပြင်ရမှာတောင်အားငယ်တယ်.."

ငယ်သူမို့မသိပါ (Uni+Zawgyi) (Complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ