🎈ငယ်သူမို့မသိပါ🎈
🎉HunHan🎉ကျောခိုင်းထွက်သွားတဲ့ကျောပြင်ငယ်ကိုကြည့်ရင်း ဆွဲထားချင်ပေမဲ့ ဆွဲထားဖို့အင်အားမဲ့နေခဲ့သည်။
မခိုင်တော့တဲ့ဒူးတွေမြေပေါ်ကိုညွှတ်ကျသွားခဲ့ရသလို မျက်ရည်တွေကအတားအဆီးမရှိ တာကျိုးသလိုကျလာခဲ့သည်။
သူမရောက်ချင်တဲ့နေ့ကိုရောက်လာခဲ့ပီပေါ့.
တနေ့ ဒီလိုဘဲလက်လွှတ်ပေးရတော့မယ်ဆိုတာသိပေမဲ့ တကယ်တမ်းမှာ ရင်နဲ့မဆန့်အောင်ခံစားနေရသည်။ထွက်မသွားပါနဲ့လို့ဆွဲထားချင်တာပေါ့..
ကိုကို့ကိုဘဲချစ်ပါလို့ အတ္တဆန်ဆန်တစ်ဇွတ်ထိုးပြောလိုက်ချင်တာပေါ့..ဒါပေမဲ့ Xiaoလေးရင်ထဲက တကယ်ချစ်တဲ့သူက သူမှမဟုတ်ခဲ့ဘဲ..မေတ္တာမှန်ရင် အသွားအပြန်ရှိတယ်တဲ့..
အပိုတွေပါဗျာ.. ကျနော် Xiaoလေးကိုအရမ်းချစ်တယ်လေ ဘယ်မလဲ?Xiaoလေးဆီကအချစ်.. အချစ်ဆိုတာလုပ်ကြံယူလို့မရပါဘူးမျက်ရည်တွေမကုန်နိုင်သေးဘူး..မျက်လုံးလေးသေးသေးလေးကိုဗျာ များလိုက်တဲ့မျက်ရည်ထွက်နိုင်လွန်းတယ်.. ကျပါစေတော့..ဒီနေ့တစ်ရက်ထဲဘဲ ၀အောင်ငိုပါရစေတော့..
ကိုယ်တိုင်က ဒီအခြေအနေကိုသိရက်နဲ့လုပ်ယူခဲ့တာဘဲ.. Sehun မင်းဆီကအခွင်အရေးကို ငါတောင်းခဲ့တာ Xiaoလေးစိတ်ကိုကြိုသိနေခဲ့လို့..
Flackback..
ထိုနေ့က Xiaoလေးနဲ့သူ့သူငယ်ချင်းနဲ့ပြောတဲ့စကားကိုကြားပီး Krisဆုံးဖြတ်ချက်ချကာ Sehunရှိတဲ့ Seoulဆေးရုံကြီးကိုထွက်လာခဲ့သည်။
Seoulဆေးရုံကြီးရောက်တော့ Sehunနဲ့တန်းတွေ့သည်။သူ့ကိုမြင်တော့ မျက်နှာတည်သွားတဲ့Sehunကြောင့် သူကဘယ်သူဆိုတာ Sehunသိနေတယ်ဆိုတာ သူတန်းသိလိုက်ရသည်။
"Sehun shi ခနလောက်စကားပြောချင်လို့ အေးအေးဆေးဆေးပြောလို့ရမဲ့နေရာသွားရအောင်လား?"
YOU ARE READING
ငယ်သူမို့မသိပါ (Uni+Zawgyi) (Complete)
FanfictionLuhan💙Sehun hun:"ဒီအိမ်ကSehunဆီလာတာ" lu:"sehun?..အော် သိပီ သိပီ.. sehunဆိုတာ အဖြူရောင်အမွှေးစုတ်ဖွားနဲ့ ခပ်ချေချေခွေးလေးကိုပြောတာမလား?" Sehun💙Luhan hun:"ဒီအိမျကSehunဆီလာတာ" lu:"sehun?..အော် သိပီ သိပီ.. sehunဆိုတာ အဖြူရောင်အမွှေးစ...