🍄ငယ်သူမို့မသိပါ🍄
🌴HunHan🌴"ငါပြောခဲ့ပါတယ် Hannieတို့ယောကျာ်းရမဲ့အနံ့တွေရနေတယ်လို့.. အခုကွက်တိဘဲ ဟဟJoyတို့ ဗေဒင်ဟောစားရင် မှန်လွန်းလို့ သောက်သောက်လဲချမ်းသာပီ"
"Hannieနင်အရမ်းကံကောင်းတယ်သိလား?နင့်လူကြီးကလေ နင့်ကိုအရမ်းဂရုစိုက်တယ်..နင့်ကိုလဲအရမ်းချစ်နေတာဟ သူ့ကိုကြည့်လိုက်ရင်ပြာယာတွေခတ်လို့.. ရွာထဲကလူတွေကတောင် နင့်ကိုအရမ်းကံကောင်းလို့တဲ့ပြောနေကျတာ..အေးလေ နင့်လူကလဲ ရုပ်လဲချော.ပညာလဲတတ်.ပိုက်ဆံလဲချမ်းသာ.. စိတ်ဓာတ်ကလဲကောင်း အပြစ်တောင်ရှာလို့မရအောင်ပြည့်စုံနေတာကိုးဟ.. "
"ငါနဲ့Wendy ငယ်ငယ်ကထဲကပြောဖူးတယ်..နင်က မိန်းကလေးတွေဖြစ်တဲ့ငါတို့ထက်တောင်လှနေသေးတယ်လေ.. နင်ကအမြဲsamnanjaအော်ပီး ယောကျာ်းအရမ်းဆန်ချင်နေတော့ အကယ်၍များ နင်သာမိန်းမယူသွားရင်ဆိုပီး ငါတို့အမြဲနှမျောနေရတာ.. ရွာထဲကဟာမတွေဆိုပိုဆိုးဟယ် နင်နဲ့တန်တဲ့သူကိုမရှိတာ..."
"ဟုတ်ပါ့ .. နင်ကလှတယ်ပြောရင်စိတ်ဆိုးတတ်တော့ ငါတို့ကမျိုသိပ်နေရတာ.. hannieနင်ကလေ မိန်းကလေးတယောက်ကို သည်းသည်းလှုပ်ချစ်ပြရမဲ့သူမဟုတ်ဘူး.. အရာရာမှာ တခြားသူတွေထက် နင့်ကိုပိုဦးစားပေးပီးချစ်ပေးတဲ့သူရဲ့အချစ်ခံရတဲ့သူဘဲဖြစ်သင့်တာ"
"Hannie နင့်ပုံစံကဘာဖြစ်နေတာလဲ?"
"နင့်မင်္ဂလာပွဲလေဟယ် နင့်ပုံစံကငူငိုင်နေတာဘဲ.. ပြစမ်း အခုမှကြည့်မိတယ် နင့်မျက်လုံးတွေမို့အစ်နေတာဘဲ နင်ငိုထားတာလား?hannieနင်ဘာဖြစ်နေတာလဲ ပြောစမ်းပါဟဲ့"
သူတို့ပြောချင်တဲ့စကားပြောနေပီးမှ hannieပုံကိုကြည့်ပီး ပြာယာခတ်သွားတဲ့ Joyနဲ့Wendy.
"ငါ.. ငါလက်မထပ်ချင်ဘူး"
"ဘာလို့လဲ?"
"ငါ့မှာချစ်သူရှိတယ် Joy"
YOU ARE READING
ငယ်သူမို့မသိပါ (Uni+Zawgyi) (Complete)
FanfictionLuhan💙Sehun hun:"ဒီအိမ်ကSehunဆီလာတာ" lu:"sehun?..အော် သိပီ သိပီ.. sehunဆိုတာ အဖြူရောင်အမွှေးစုတ်ဖွားနဲ့ ခပ်ချေချေခွေးလေးကိုပြောတာမလား?" Sehun💙Luhan hun:"ဒီအိမျကSehunဆီလာတာ" lu:"sehun?..အော် သိပီ သိပီ.. sehunဆိုတာ အဖြူရောင်အမွှေးစ...