🐠ငယ်သူမို့မသိပါ🐠
🌿HunHan🌿သည်းငယ်ငယ်နဲ့သူ့ချစ်သူကိုတွဲတွေ့ရပီးနောက်ပိုင်း မကြာခနဆိုသလိုထပ်တွေ့ခဲ့ရတယ်..
တခါတလေဆို သည်းငယ်ငယ်က ကျောင်းလာမကြိုဖို့ပြောတယ်..သူငယ်ချင်းတွေနဲ့လျှောက်လည်ချင်တယ်လို့ပြောတတ်ပေမဲ့ အိမ်ကိုပြန်လာရင် သူ့ချစ်သူကပြန်လာပို့တာကို ကိုယ်တိုင်မြင်ခဲ့ရတယ်..
ဒါတွေအားလုံးကိုသိနေပေမဲ့ မသိချင်ယောင်ဆောင်ပီးနေခဲ့တယ်.. သည်းငယ်ငယ်ပျော်နေရင် ကျေနပ်တာမို့ အခုလိုတွေလုပ်နေတာလဲ မညိုညင်ရက်ပါဘူး..
အမှန်တိုင်းပြောရရင် အသည်းတွေပေါက်ထွက်မတတ်နာကျင်ပေမဲ့ သည်းငယ်ငယ် ငါ့အနားကထွက်မသွားဘူးဆိုတဲ့စိတ်လေးနဲ့ဖြေသိမ့်မိတယ်..
သည်းငယ်ငယ် ကိုယ့်အနားကထွက်သွားတဲ့နေ့က ကိုယ့်သေနေ့ဘဲ.. သည်းငယ်ငယ်မရှိဘဲ အသက်ဆက်ရှင်နိုင်မယ်မထင်ဘူး.. ကိုယ်က သည်းငယ်ငယ်ရဲ့ဖြစ်တည်မှုတစ်ခုထဲနဲ့အသက်ရှင်နေတဲ့သူမို့ပါ..
"သည်းငယ်ငယ်"
"ဟင် ဦးဆယ် ဘာလဲဟင်"
Krisဆီmessageပို့နေတဲ့Hannie..Sehunအနားရောက်လာ၍ဖုန်းကိုပိတ်ကာ ချလိုက်သည်။Sehunသိပေမဲ့လဲ သတိမထားမိသလိုနေလိုက်သည်။
"ကိုယ်ပြောစရာရှိတယ် ကလေးသေချာနားထောင်ပေးနော်"
"ဟုတ်"
Hannieပုခုံးနှစ်ဖက်ကိုကိုင်ကာ သူ့ဘက်လှည့်စေပီး
"သည်းငယ်ငယ်လိုချင်တာ..ဖြစ်ချင်တာ.ပြောချင်တာမှန်သမျှကို ကိုယ့်ကိုမကွယ်ဝှက်ဘဲတိုင်ပင်ပါ.. တယောက်ထဲကျိတ်ခံစားနေရတာမျိုးတွေ တယောက်ထဲစိတ်ပင်ပန်းပီး စိတ်ဆင်းရဲခံနေတာမျိုးတွေမလုပ်ပါနဲ့..ဘေးနားမှာ ကိုယ်ရှိတယ်.တစ်ခုခုကိုလုပ်မယ်လို့ဆုံးဖြတ်တော့မယ်ဆိုရင် အနည်းဆုံးတော့ ကိုယ့်ဘက်ကိုကြည့်ပီးစဉ်းစားပေးပါ.. ကိုယ့်ကိုအမှန်တိုင်းပြောပါ ကလေးသာပျော်မယ်ဆိုရင်လေ ကိုယ်အားလုံးလိုက်လျောပေးဖို့အသင့်ဘဲ.. ကလေးကို ကိုယ်အရမ်းချစ်တာတော့ ယုံပေးနော်.. ကလေးစိတ်နဲ့အမှားလုပ်မိသွားရင်တောင် ကိုယ်ကနားလည်တာမို့လို့. "
STAI LEGGENDO
ငယ်သူမို့မသိပါ (Uni+Zawgyi) (Complete)
FanfictionLuhan💙Sehun hun:"ဒီအိမ်ကSehunဆီလာတာ" lu:"sehun?..အော် သိပီ သိပီ.. sehunဆိုတာ အဖြူရောင်အမွှေးစုတ်ဖွားနဲ့ ခပ်ချေချေခွေးလေးကိုပြောတာမလား?" Sehun💙Luhan hun:"ဒီအိမျကSehunဆီလာတာ" lu:"sehun?..အော် သိပီ သိပီ.. sehunဆိုတာ အဖြူရောင်အမွှေးစ...