🌴ငယ်သူမို့မသိပါ🌴
🎁HunHan🎁ငါးလ.. ငါးလရှိခဲ့ပီ.
ဦးဆယ် Hannieဆီပြန်မလာဘဲထွက်သွားတာ ငါးလနီးပါးရှိခဲ့ပြီ..Hannieကိုအဲ့လောက်ထိပြစ်ထားရက်တယ်နော်. ဦးဆယ် Hannieကိုတကယ်ဘဲမုန်းသွားတာလား?ဦးဆယ် Hannieကိုမချစ်တော့ဘူးလား?
Hannieလေ ဦးဆယ်မရှိမှ ဦးဆယ်ကိုပိုချစ်နေမိမှန်းသိခဲ့ရတာ.. နေရာတိုင်းမှာ ဦးဆယ်ကိုဘဲမြင်နေတယ်. ဦးဆယ်မရှိတဲ့နေ့တွေဖြတ်သန်းရတာ ငရဲလိုဘဲပူလောင်လှတယ်.
ဦးဆယ် ပြန်မလာမှာကြောက်တယ်..
Hannieကို ဦးဆယ်မချစ်တော့မှာလဲကြောက်တယ်..ဦးဆယ်နဲ့Eunhae noonaကိုတွဲမြင်လိုက်ကထဲက Hannieရင်တွေပူလောင်နေခဲ့တာ ဦးဆယ်ကိုသ၀န်တိုနေမိမှန်းမသိခဲ့ဘူး.. အခု ဦးဆယ်က Canadaကိုသွားတာ Eunhae noonaနဲ့သွားရတယ်တဲ့.. ဟိုမှာငါးလကြီးနေနေတာ Hannieကိုကွာရှင်းစာချုပ်နဲ့ထားခဲ့ပီး Eunhae noonaနဲ့လက်ထပ်လိုက်လို့လားဆိုတဲ့အတွေးက အိမ်မက်ဆိုးလိုဘဲ ညတိုင်းအိပ်မရဘူး..
Hannie Eunhae noonaကိုမုန်းတယ်..
ဦးဆယ်အချစ်ကိုတန်ဖိုးမထားဘဲလျစ်လျူရူခဲ့တဲ့ကိုယ့်ကိုကိုယ်လဲမုန်းတယ်.. ဦးဆယ်တန်ဖိုးကို ဦးဆယ်မရှိမှသိတတ်နေတာ Hannieကမုန်းစရာကောင်းတယ်မလား?Hannieတကယ်ဘဲ ကိုယ့်စိတ်ကိုမသိခဲ့လို့ပါ.. ဦးဆယ်သာပြန်လာရင် Hannieကိုချစ်တာထက် ဦးဆယ်ကို Hannieပြန်ချစ်ပေးမှာပါ...ပြောပြရဦးမယ် မေ့နေတယ်. ဒီငါးလအတွင်းမှာပြောင်းလဲသွားတာတွေရှိတယ်. Layနဲ့ကိုကိုနဲ့လက်ထပ်သွားကျတယ်.. ဘယ်လိုဖြစ်ပီးလက်ထပ်သွားလဲ Hannieမသိဘူး..Hannieလဲကိုယ့်အပူနဲ့ကိုယ်လေ.. ဘာဘဲဖြစ်ဖြစ် Hannie၀မ်းသာပါတယ်.. ကိုကိုက Layကိုဂရုစိုက်ရှာပါတယ်..
Layကိုဂရုစိုက်လို့တောင် Junကအမြဲစိတ်ကောက်တယ်.. သူ့ကိုဦးစားမပေးလို့တဲ့..အဲ့လိုအခါမျိုးဆို Minho hyungရှိရင်ပွဲပီးတယ်.. ဒါပေမဲ့ တခါတလေ Layနဲ့ကိုကိုက Hannieကိုအားနာသလိုကြည့်လာတယ်..
ŞİMDİ OKUDUĞUN
ငယ်သူမို့မသိပါ (Uni+Zawgyi) (Complete)
Hayran KurguLuhan💙Sehun hun:"ဒီအိမ်ကSehunဆီလာတာ" lu:"sehun?..အော် သိပီ သိပီ.. sehunဆိုတာ အဖြူရောင်အမွှေးစုတ်ဖွားနဲ့ ခပ်ချေချေခွေးလေးကိုပြောတာမလား?" Sehun💙Luhan hun:"ဒီအိမျကSehunဆီလာတာ" lu:"sehun?..အော် သိပီ သိပီ.. sehunဆိုတာ အဖြူရောင်အမွှေးစ...