🎅ငယ်သူမို့မသိပါ🎅
🍄HunHan🍄တနေကုန်ဖုန်းဆက်တော့လဲမကိုင်..
ကျောင်းလဲမလာတဲ့Hannieကြောင့် Krisစ်တ်တွေပူကာနေလို့ထိုင်လို့မရ..စိတ်နဲ့လူနဲ့မကပ်သလို.. photo shotingမှာတောင်အမှားမှားအယွင်းယွင်းနဲ့ဖြစ်ခဲ့လေသည်။
နောက်ဆုံးဘယ်လိုမနေနိုင်သည့်အဆုံး သူ့ကားလေးက Parkအိမ်တော်ခြံရှေ့ရောက်လာတော့သည်။
Xiaoလေးများထွက်လာမလားဆိုတဲ့စိတ်နဲ့ ကားထဲကနေကြည့်သော်လဲအရိပ်အယောင်တောင်မမြင်ရ.. ဒီလိုနဲ့အချိန်တွေကုန်လာပီး မှောင်ရီပျိုးကာ တိတ်ဆိတ်တဲ့အချိန်ရောက်လာခဲ့သည်။
Xiaoလေးမျက်နှာကိုခနလေးဖြစ်ဖြစ် သူမြင်ချင်သည်။ဒီနေ့မမြင်ရရင် အိပ်လို့ပျော်မည်မဟုတ်.. ကားထဲကထွက်ကာ ခြံထဲကိုလှမ်းကြည့်လိုက်သည်။အခြေအနေတိတ်ဆိတ်ငြိမ်သက်လို့ လူတယောက်မှမမြင်ရ..
လူဝင်ပေါက်နားကအသီးပင်က သစ်ကိုင်းတခုကခြံပြင်ကိုကိုင်းကျနေသည်က သူ့အတွက်ကံကောင်းသည်.. အရပ်ရှည်သူတယောက်မို့ ထိုအကိုင်းကိုလက်နဲ့လှမ်းဆွဲခိုကာတွယ်တက်လိုက်သည်။
ထိုအကိုင်းကတဆင့် ဆင်းလာပြီးအပင်အောက်ခုန်ချတော့ ခြံထဲကိုလျောလျောရူရူရောက်သွားသည်။
လူအရိပ်အခြေကြည့်ပီး ဟိုအပင်ပြေးကပ် သည်အပင်ပြေးကပ်နဲ့ခိုးကြောင်ခိုးဝှက်ပုံက အိမ်ဖောက်မဲ့သူခိုးလို.. အိမ်ကြီးနားရောက်တော့ အိမ်ကိုမော့ကြည့်လိုက်သည်။အခန်းတခန်းသာမီးလင်းနေသည်။
Xiaoလေးအခန်းလား?Xiaoလေးက အပေါ်ထပ်မှာနေဖို့များတယ်.. လူကြီးတေ အိမ်ထောင်သည်တေတော်တော်များများက အောက်ထပ်မှာဘဲနေကျတာများတယ်လေ..
Krisသူရပ်နေတဲ့အခန်းက လိုက်ကာလေးလွှင့်သွားတော့ မြင်လိုက်ရသည်က Mr.Parkတို့လင်မယားရဲ့kiss sence.. Krisမျက်လုံးတွေပြူးသွားကာ ကျောပေးလိုက်သည်။
VOCÊ ESTÁ LENDO
ငယ်သူမို့မသိပါ (Uni+Zawgyi) (Complete)
FanficLuhan💙Sehun hun:"ဒီအိမ်ကSehunဆီလာတာ" lu:"sehun?..အော် သိပီ သိပီ.. sehunဆိုတာ အဖြူရောင်အမွှေးစုတ်ဖွားနဲ့ ခပ်ချေချေခွေးလေးကိုပြောတာမလား?" Sehun💙Luhan hun:"ဒီအိမျကSehunဆီလာတာ" lu:"sehun?..အော် သိပီ သိပီ.. sehunဆိုတာ အဖြူရောင်အမွှေးစ...