🐣26🐣

4.6K 503 35
                                    

💖ငယ်​သူမို့မသိပါ💖
🍄HunHan🍄

"ကျွီ"

တံခါးဖွင့်​သံကတိုးတိုး​လေး​ပေမဲ့ Hannieနားထဲမှာ​တော့ ၀ုန်းဒိုင်းကျဲ​နေသလို..

မင်္ဂလာဦးအခန်းလို့သတ်​မှတ်​ထားတဲ့အခန်းထဲကို ဦးဆယ်​ရဲ့​ပွေ့ချီ​​ခေါ်ခံခြင်း ခံလိုက်​ရသည်​။သူများ​တွေအတွက်​လှပစွာပြင်​ဆင်​ထားတဲ့မင်္ဂလာဦးအခန်းက Hannieအတွက်​​တော့ သရဲ​ခြောက်​တဲ့အခန်းထဲကိုတ​ယောက်​ထဲဝင်​လာရသလို ထိတ်​လန့်​​နေရသည်​။

မနက်​ပိုင်းမှာမင်္ဂလာပွဲ. ညဘက်​မှာdinner.
ဦးဆယ်​ရဲ့​ဆေးရုံက မိတ်​​ဆွေ​တွေ​ရောက်​လာလို့ ဦးဆယ်​ဧည့်​ခံ​နေတုန်း mamaကိုပင်​ပန်းလို့နားချင်​တယ်​လို့အ​​ကြောင်းပြပီး ကိုယ့်​အခန်းထဲကို​ပြေးလာခဲ့တာ ​လှေကားအတက်​မှာဘဲ ​နောက်​က​နေ​ပွေ့ချီခံလိုက်​ရ​လေသည်​။

ဘယ်​​လောက်​ရုန်းရုန်း အားခြင်းမမျှတာမို့ ဦးဆယ်​​ခေါ်​ဆောင်​ရာ မင်္ဂလာဦးအခန်းထဲ​ပါလာခဲ့တာပင်​..

အခုဆို Hannieနဲ့ဦးဆယ်​က လူအများ​ရှေ့မှာလက်​ထပ်​ပီးသွားပီ.

လူအများ​ရှေ့မှာ ကျမ်းသစ္စာ​တွေဆိုပီးကတိပြုခဲ့ကျပီ..

လူအများ​ရှေ့မှာ အကြင်​လင်​များ​တွေဖြစ်​သွားကျပီ..

ဘယ်​လိုမှ​နောက်​ဆုတ်​မရ​တော့တဲ့အ​နေအထားကို​ရောက်​သွားခဲ့ရပီ..

"ဟူး.. ဟင်​!"

ကိုယ်​ဘာသာ​တွေးချင်​ရာ​တွေးပီးသက်​ပြင်း​တွေချကာ ​ဘေးဘက်​ကိုငဲ့အကြည့်​.

သူကိုယ်​​လေးကခုတင်​​ပေါ်​ရောက်​​နေပီး ဦးဆယ်က ​သူ့ကိုမျက်​​တောင်​မခတ်​တမ်းစိုက်​ကြည့်​​နေ​လေသည်​။

ဦးဆယ်​အကြည့်​ကိုမခံနိုင်​ဘဲ ​ခေါင်းကိုသာအတင်းငုံ့ထားလိုက်​သည်​။

ဖြတ်​ခနဲ မနက်​ကမိတ်​ကပ်​ပြင်​တုန်းကအဖြစ်​ကို ပြန်​​တွေးမိပီး ပိုပီးရှက်​သွားကာ Hannieမျက်​နှာ​လေးရဲသွားသည်​။

မနက်​က Hannieမိတ်​ကပ်​ပြင်​တုန်းက​ပေါ့ ဦးဆယ်​က​ဘေးက​နေတချိန်​လုံးထိုင်​ကြည့်​​နေခဲ့တယ်​.

ငယ်သူမို့မသိပါ (Uni+Zawgyi) (Complete)Where stories live. Discover now