🍍ငယ်သူမို့မသိပါ🍍
💗HunHan💗Krisတယောက် Koreaကိုပြန်ရောက်လာသည်။အိမ်မှာဝင်ပီးအထုတ်အပိုးတွေထားကာ ကားနဲ့ချက်ချင်းအပြင်ပြန်ထွက်လာခဲ့သည်။
Krisကားလေး Parkအိမ်ရှေ့ရောက်တော့ရပ်သွားပီး Krisကားပေါ်မှဆင်းကာခြံနားအသာကပ်ပီး ချောင်းလိုက်သည်။
"Xiaoလေး အိပ်ယာမှနိုးသေးရဲ့လား?"
Krisကြည့်နေတုန်းမှာ အိမ်ထဲကထွက်လာတဲ့လူနှစ်ယောက်..တယောက်ကတော့ သူ့ချစ်သူလေးပေါ့.. နောက်တယောက်ကတော့ သူ့အတွက် ပြိင်ဘက်လို့ပြောရမည်လား?
Krisမျက်မှောင်ကြုတ်ကာကြည့်မိသည်။ဘာမြင်ကွင်းလဲ..
ဘာလို့ Park Sehunအလုပ်သွားမှာကို Xiaoလေးကအိတ်ကိုင်ပီးလိုက်ပို့ပေးရတာလဲ?ဘာသဘောကြီးလဲ? စိတ်ထဲမှာဖျင်းကနဲ့ဖြစ်သွားပေမဲ့ လျော့ချလိုက်သည်။
လက်ရှိမှာ သူကXiaoလေးအချစ်ကိုပိုင်ဆိုင်ထားတဲ့သူ.. Xiaoလေးကိုသူယုံရမယ်.. ဟုတ်တယ် Xiaoလေးက ဒီအိမ်မှာနေနေတာမို့ လုပ်ပေးနေတာလဲဖြစ်နိုင်တယ်..
Sehunကားခြံထဲကထွက်သွားတော့ Hannieအိမ်ထဲပြန်ဝင်သွားသည်။Krisသူ့ဘောင်းဘီအိတ်ထဲကဖုန်းယူပီး Hannieဆီဆက်တော့ ဖုန်းမကိုင်.. ၃ခါအထိခေါ်တာတောင်မကိုင်၍ messageသာပို့လိုက်ရသည်။
သူKoreaပြန်ရောက်ပီဆိုတဲ့အကြောင်းနဲ့ အပြင်မှာdateရန်နေရာကိုပြောလိုက်သည်။Krisကားလေးလဲ Parkအိမ်နားကနေမောင်းထွက်သွားတော့သည်။
.
.
mamaရဲ့တချက်လွှတ်အမိန့်နဲ့ ဦးဆယ်မထခင် Hannieကအရင်အိပ်ယာထရတယ်.. ပီးတော့ ဦးဆယ်အတွက် မျက်နှာသစ်ဖို့ပြင်ပေးရတယ်..ဒါပေမဲ့ Hannieမထနိုင်ဘူး.. ဦးဆယ်ကဘဲနိုးပေးတယ်..ဦးဆယ်ရေချိုးပီးရင်ဝတ်ဖို့အင်္ကျီ Hannieကထုတ်ပေးရတယ်. . ဒါပေမဲ့ ဦးဆယ်ကိုယ်တိုင်ကဘဲပြန်ထုတ်ပီးဝတ်ရတယ်.. ဘာလို့ဆို Hannieထုတ်တဲ့အ၀တ်တွေက အပေါ်တရောင်အောက်တစ်ရောင်ဖြစ်နေတာကိုး..
DU LIEST GERADE
ငယ်သူမို့မသိပါ (Uni+Zawgyi) (Complete)
FanfictionLuhan💙Sehun hun:"ဒီအိမ်ကSehunဆီလာတာ" lu:"sehun?..အော် သိပီ သိပီ.. sehunဆိုတာ အဖြူရောင်အမွှေးစုတ်ဖွားနဲ့ ခပ်ချေချေခွေးလေးကိုပြောတာမလား?" Sehun💙Luhan hun:"ဒီအိမျကSehunဆီလာတာ" lu:"sehun?..အော် သိပီ သိပီ.. sehunဆိုတာ အဖြူရောင်အမွှေးစ...