မနက်ခင်း နေရောင်ခြည်မှာ တိုးဝေ့ကာဖြာ
ကျရင်း အလင်းဖောက်ကာ ငွေဖြူရောင်
လိုက်ကာစများကြား ထိုးထွက်လို့နေသည်။
တကျီကျီဖြင့် တေးသီချင်းဖော်ကာ ငှက်ငယ်
လေးများရဲ့ အသံဆာဆာဟာ လွှင့်ပျံလို့လာသည်။မျက်လုံးစုံအား ခပ်ဖွဖွဖိကာ ပွတ်ရင်း
နဘေးထက်နေရာလွတ်ကတော့
Taeအား လှောင်ပြောင်လို့နေသည်၊
အထီးကျန်ခေါင်းအုပ်ဖြူဖြူထက်
လက်ချောင်းလေးများဖြင့်ဖွကာဖိမိတော့
အနွေးဓာတ်လေးမှာ ရစ်ဝဲနေတုန်းပင်၊ထွက်သွားတာမကြာသေးပုံရသည့်သူဟာ
Taeကို ညအိပ်အဖော်တယောက်လိုသာ
ဆက်ဆံမြဲ ၊ ချစ်လွန်းလို့ မရမကဖြင့် အပေး
အယူနည်းလမ်းမျိုးစုံသုံးကာ taeနားခေါ်
ကာထားသော်လည်း ထိုသူ့၏ချစ်ခြင်းများ
ကတော့ taeထံတွင်တော့မဟုတ်၊အဟား...ခပ်ဟဟလေးရယ်မောရင်း
အိပ်ယာနဘေးရှိ စီးကရက်တိူအား မီးရှိုက်
လိုက်ရင်း ခပ်ဖွာဖွာလေးမှုတ်ထုတ်နေမိသည်။သူရေချိုးမှရမည်၊ စေးကပ်ကပ်အရာတွေ
ဟာ သူ့ကိုယ်ထက် သန့်ရှင်းရေးမလုပ်ရသေး
သလို အနံ့အသက်တချို့က စွဲကပ်ကာ ကျန်
နေသည်မို့ တူနှစ်ကိုယ်မွေ့ယာလေးထက်မှ
ဝတ်လစ်စလစ်ဖြင့် သိမ်းကျုံးကာထလာ
လိုက်သည်။Bathroomထဲအတော်ကြာစိမ်နေရင်း
အတိတ်ဆီသို့ ဖြတ်သန်းကူးခတ်နေမိသည်။Flash back....
Kim ခြံဝန်းကြီးထဲ ပြေးလွှားကာ ဆော့နေ
တဲ့ tae ရဲ့ အစ်ကို တနည်း မွေးစားအစ်ကို
ဆ်ုယောင်းမှာ ပန်းပွင့် ပွင့်ချပ်များအား
နမ်းကာရှိုက်ရင်း ပျော်မြူးလို့နေသည်၊
စျေးအတော်မြင့် ကားလေးတစ်စီးဝင်လာ
ရင်ဖြင့် အိမ်တော်ပြတင်းပေါက်များမှ လှမ်း
ကာကြည့်နေသည့် စံအိမ်တော်သခင်လေး
Tae ဟာ ပျော်ရွှင်မှုကြီးစွာတွေ့ရှိသလို
အိမ်တော်၏ အောက်ထပ်အား လှေကား
စောင်းအသွယ်သွယ်မှ ပြေးကာဆင်းလာ
လိုက်သည်။ခြံဝန်းထဲရောက်ရင်ဖြင့် taeရဲ့ ပျော်ရွှင်မှု
အပိုင်းအစလေးအား လိုက်ကာရှာမိသည်၊ငွေဖြူရောင် အုတ်ခုံပေါ်၌ ထိုင်ကာနေသော
အစ်ကိုဆိုယောင်း၏လက်ထဲသို့ ကျူလစ်
ပန်းတစ်ပွင့်အား ထည့်ကာပေးလိုက်သည့်
Taeချစ်ရသူမှာ taeစိတ်အစဥ်အား ရှုပ်ထွေး
မှုတွေပေးလာတော့သည်။
မြန်ဆန်သော ခြေလှမ်းများဖြင့် ပြေးကာ
သွားရင်း အစ်ကိုဆိုယောင်းလက်ထဲမှ ထို
ပန်းပွင့်လေးအားဆွဲကာယူကာ တစစီ ချွေမွ
ပြစ်လိုက်သည်။
YOU ARE READING
Purple Melody @@@Complete@@@