အပိုင်း 14

1.4K 115 16
                                    

မောင်က ဘယ်လိုလုပ်...

လှည့်ကြည့်လာသည့် မျက်ဝန်းလေးတွေက
ပျားရည်ဆမ်းထားသလို ၊ မျက်ခုံးနက်နက်
လေးတွေ က လည်းထင်းလင်းစွာ ။

ချည်သား လက်ရှည် ပုဇွန်ဆီရောင် အား
စတိုင်ပန်ထဲ ထည့်ဝတ်ထားပုံမှာ ကြော်ငြာ
မဂ္ဂဇင်း ထဲက ခုန်ထွက်လာသည့် မော်ဒယ်တယောက်လို ၊

ရှူး ဖြူလေးကလည်း မောင့်အရပ်အမောင်း
ကို ပံ့ပိုးပေးနေသေးသည်၊

"လာလေ ၊ အဲ့မှာ ဘာရပ်လုပ်နေတာလဲ "

မောင့် ဘက်က လက်ယက်လှမ်းခေါ်လာ
သည်ကြောင့် သူကြောင်အမ်းအမ်းလေးဖြစ်
နေရာမှ မျက်နှာကို တည်တင်းလိုက်သည်။
ထို့နောက် အမြန်နှုန်းထားအား ဆယ်ဆလျှော့
လိုက်ရင်း မသွားချင်သွားချင်ဖြင့် တဖြေးဖြေး
လျှောက်လာလိုက်၏။

ဒါကိုပင် မောင်ကတွေ့တော့ မျက်မှောင်
ကြုတ်သွားသည်မှာ သူ့အားရွှဲ့နေသည်ကို
သိနေသလို။

သိလည်း ကောင်းတာပဲ ၊ အမြင်ကတ်ကတ်နဲ့
ကို ပိုကာ ဟန်ဆောင်လုပ်ပြလိုက်ပြန်သည်။

"ဘာဖြစ်နေတာလဲ...လာမှဖြင့် မလာဘဲ "

မောင်က စိတ်မရှည်စွာ ထယ့်ဆီသို့လျှောက်
လာရင်း အကျီစအား အတင်းဆွဲလျက်
သရက်ပင်လေးနားဆီခါ်သွားသည်။

ထယ်မှာသာ ယက်ကန်ယက်ကန်ဖြင့် ၊
အအေးခွက်မမှောက်အောင်လည်း မနည်း
ထိန်းနေရသေး။

...

သူ့ကိုကြည့်လာသည့် ငဂျစ်လေးရဲ့ မျက်လုံးလေးတွေဟာ ကြောင်လေးတကောင်လို
ပြန်ကာ ခုန်ကိုက်ချင်ဟန်၊

မနေ့ကလို အကြည့်တွေမှာ မဲ့ကာ ရွှဲ့ကာ။

ဒီနေ့မှ ဘာဖြစ်နေရတာလဲ ၊ မဟုတ်သေးဘူး၊
မနေ့ညကဆို ပိုမှန်လိမ့်မည်။

သူအမှားလည်း မလုပ်ထားမိပါ၊ ဒါကို ငဂျစ်လေးက ဘာကို ဒေါကန်နေရသည်လဲ ။

jungkook ဘက်မှ လွှတ်ကာပေးလိုက်တော့
တဖက်အား အကြည့်တွေပို့ထားရင်း သူ့အား
စေ့စေ့တောင်မကြည့်၊ နှုတ်ခမ်းလေးတွေဟာ
လည်း ခပ်စူစူလေးဖြင့် အရှေ့သို့ အနည်းငယ်
လေး ချွန်ထွက်နေသလို။

Purple Melody  @@@Complete@@@Where stories live. Discover now