အပိုင်း 15

1.5K 118 21
                                    

မောင့်ရဲ့အကြည့်တွေကြား သူရုန်းထွက်မရ
ခဲ့ပါ၊ မောင်ဟာ သူ့ကို အထင်လွဲသွားခဲ့ပြီ၊

အခန်းတွင်း ပိတ်ကာနေရင်း သူဘယ်သူနဲ့မှ
ထွက်ကာမတွေ့ခဲ့၊ သူ့စိတ်တွေ မွန်းကြပ်လို့
နေသည်မှာ ထွက်ပေါက်တခုလိုအပ်နေသည်။

ကျစရာမျက်ရည်လည်းမရှိပါ၊ ရင်ဘတ်တနေရာက တင်းကြပ်နေရင်း အသက်ရှူထုတ်
ဖို့တောင် သတိမရလောက်အောင် ဝရံတာအပေါက်လေးနား မှီချလျက် ၊

ဘာလို့များ ၊ ထယ့်အတွက် အခက်တွေ့စရာ
တွေ ကြုံနေရသည်လဲ ၊ မွေးကတည်းက
ပြီးပြည့်စုံစွာနေခဲ့ရသူက အခုတော့ အချစ်
တခုအတွက် ကွဲကြေလုနီးပါး ခံစားနေရသည်
တဲ့လေ...

အတိတ်က မောင့်အပေါ် သည်းခံမှုတွေ ၊
လိုက်လျောမှုတွေ ၊ စိတ်ရှည်မှုတွေအား တခု
ချင်း ပြန်တွေးမိသည်၊ ဒါတွေဟာ မလုံလောက်
ခဲ့လို့လား...

မောင့်မယုံကြည်နိုင်လောက်အောင် သူဘာတွေ
များလုပ်ခဲ့လို့ မြင်ကွင်းတခုကို တန်းကောက်
ချက်ချကာ ထယ့်အား ဗီလိန်နေရာက ထားလောက်အောင် သူ့အပေါ် မောင်က နည်းနည်း
လေးမှ မယုံကြည်ခဲ့တာလား။

ထယ့်နှလုံးသားတခုလုံး ပေါက်ကွဲထွက်တော့
မလို ခံစားနေရသည်။

" ယောင်းလေး...မားပါ ၊ တံခါးဖွင့်ပါဦး "

အခန်းတံခါးခေါက်သံက မရပ်မနား ထွက်လာ
သည်။

သူခြေထောက်တွေဟာ သံမှိုစွဲထားသလို ထိုနေ
ရာမှ ထလာချင်စိတ်မရှိ၊ ဘယ်သူနဲ့မှလည်း
စကားမပြောချင်ပါ၊

သူရှင်းပြတော့ရော အားလုံးက ယုံကြမှာလား၊
အားလုံးထဲက မောင်သည်ပင်လျှင် အဖြစ်မှန်
အလုံးစုံအား မှားယွင်းစွာပြောပြပြီးနေလောက်
ပြီ ၊
သူ့ကို စိုက်ကြည့်လာမယ့် အပြစ်တင်ဟန် မျက်
လုံးများအား ရှောင်ကာ ဖယ်ချင်သည်၊
အားလုံး ရဲ့ အကြည့်စူးစူးတွေအား သူ
မလိုချင်ပါ၊

သူအပြစ်ကင်းကြောင်းလည်း ရှင်းပြလိုစိတ်.မရှိ၊
ယုံကြည်မှာတဲ့လား...ဆိုယောင်း hyung ထက်
ပိုပြီး သူ့စကားကိုယုံပေးကြမှာလား ၊

လူမှုဆက်ဆံရေးမကောင်းသူတဦးကို ပတ်ဝန်း
ကျင် က အပြစ်မြင်သလို သူ့အား မျက်လုံး
များဖြစ် ရွံရှာစွာ ကြည့်လာကြမည်။

Purple Melody  @@@Complete@@@Where stories live. Discover now