မောင်က အလျင်စလို ဖြင့် သူ့အနားမှထွက်သွားသည်။
သေနတ်သံတွေ အစီအရီထွက်လာသည့် ဂိုထောင်ကျယ် ထဲ ထယ်နေမသိ ထိုင်မသာ ဖြစ်လို့လာသည်၊မောင်...မောင် တယောက် အနန္တရာယ် ကင်းပါလေစ၊ သူ့ စိတ်များ ပူပန်လို့ လာရသည်။
"hyung ဘယ်သွားမလို့လဲ..."
ထရန် ပြင်နေသည့် ထယ့် လက်များအား ki က အလျင်စလို ဆွဲကာ ချလိုက်၏၊
"ငါ သွားမှ ဖြစ်မယ်၊ မောင် ...မောင် ့ကို တယောက်တည်း စိတ်မချဘူး.."
သူ့ အသံများ တုန်ရီ လို့ နေသည်၊
" မဖြစ်ဘူး လေ hyung ရဲ့... hyung မှာ သေနတ် ပါလာတာလည်းမဟုတ်ဘူး ၊ အနန္တရာယ်တောထဲကို ပြေးမသွား ချင်ပါနဲ့... ပြီးတော့ အစ်ကို ဂျောင်ဂုကလည်း hyung ကို သေချာစောင့် ကြည့် ဖို့ မှာသွားသေးတယ်..."
yo နဲ့ ki ရဲ့ စကားများအားလည်း သူအရေးမစိုက်နိုင်၊ မောင့် ဆီ လိုက်သွားရန်သာ သူ စိတ်လောနေမိသည်။
"ဒါဆိုလည်း...hyung ဒါယူသွားမယ်"
yoလက်ထဲ မှ သေနတ်အား သူဆွဲကာလူလိုက်သည်၊သတိလပ်လွတ် အခိုက်အတန့်မို့ သေနတ်မှာ ထယ့်ဆီသို့ ချောချော မွတ်မွတ်ပါလာသည်။
အမြန်ပြေးထကာ ပုန်းအောင်းနေရာမှ တဖက် ခြမ်းဘက်သို့ အလျင်စလို ပြေးကာ နေရာ အကွယ် ယူလိုက်ရသည်၊
ရှပ် ခနဲ ဖြတ်ပြေးသွားသည့် ကျည်ဆံ အချို့က သူတိမ်းရှောင်လိုက်မိသည်မို့ နောက်ဘက်သိူ့သာ ကျရောက်သွားသည်၊
"hyung မဖြစ်ဘူး...ပြန်လာခဲ့ပါ..."
"ယောင်းလေး...ဆက်မသွားပါနဲ့တော့ အနန္တရာယ် များတယ်..."
တဖက်တချက်က စကားများအား သူ ဥပေက္ခာ ပြုလိုက်သည်၊
အကန့်စီ ခွဲ တင်ထားသည့် black boxတုံး ကြီးများ အကွယ် မှ သူမြေပြင်အနေအထားအား ချောင်းကာ
ကြည့်လိုက်သည်"
နေရာအကွယ်ယူ၍ ပစ်နေသည့် မောင်က cz75တလက်အားကျကျနန ကိုင်ဆောင်လို့ ထားရင်း ပစ်မှတ်အားချိန်ရွယ်လို့နေသည်၊
သေနတ်သံရဲ့နောက် တဖက်ရှိ ထွက်လာသည့် လူတယောက်၏ အသံ မှာ ပဲ့တင်ကာထွက်လို့လာသည်၊
YOU ARE READING
Purple Melody @@@Complete@@@