မောင်...ငါဟာလေ သိပ်ကိုလောဘကြီးခဲ့တာပဲ...ရလေ လိုလေအိုတစ္ဆေပါလား...
မောင့်အပေါ်အချစ်တွေသိပ်သည်းမွမ်းကြပ်အောင် လုပ်ခဲ့မိတာတောင် မောင့်နဘေးနားမှာပဲ ငါကပ်တွယ်ချင်မိနေတုန်းပဲ...တရားလားမေးရင် သိပ်တကိုယ်ကောင်းဆန်တဲ့ငါက တချက်တောင် တုန့်ဆိုင်းမနေဘဲခေါင်း
ညိတ်ချလိုက်မိမှာ...ခုချိန်မှာ အလိုအပ်ဆုံးက မောင်သာလျှင်မို့
ပြန်အမြန် သတိရလာပါတော့နော်...ချစ်တယ်မောင်...သိပ်ကိုမှချစ်မြတ်နိုးရပါတယ်...
ဆေးရုံးကုတင်ဘေး မောင်နိုးထလာမယ့်အချိန်ထိ ထယ် စောင့်ဆိုင်းနေမိသည်။ဆရာဝန်ကြီးများ၏ စိုးရိမ်စရာမရှိတော့ဟူသော စကားများကြောင့် သူ့စိတ်ဒုန်းဒုန်းချနိုင်တော့သည်။
ပြန်နိုးထလာပါမောင်...ငါ့အချစ်တွေကြောင့်
မောင်အမြန်ဆုံးနိုးထလာပါ..." ယောင်းလေး...နေ့လည်စာ စားတော့မလား..."
ki က ဆေးရုံဝန်းမှဝယ်လာသည့် အသင့်စား
မုန့်ဘူးများအား တဖက်ခြမ်းဆီ စားပွဲတင်ပေါ်သို့တင်ချရင်းမေးလာသည်။သူမစားချင်ပါ။ ဘာမှလည်းစားမဝင်။
မောင့်မေမေက တနေ့နှစ်ခါမျှ လာစောင့်ပါသော်လည်း ထယ့်အား သိပ်အဖက်တန်ရာမလုပ်၊ ဟုတ်ပါသည်။ ဖြစ်သင့်သည်။
သူဒီလောက်တော့ ခံစားရသင့်ပါသည်။
တနေ့နေ့မှာတော့ jeonမားမားစိတ်ထဲ ခွင့်လွှတ်မှုရရှိလာနိုင်ပါလိမ့်မည်။
ထယ်လည်း မားမား၏မျက်နှာသားပေးမှုရရှိအောင် အစွမ်းကုန်ကြိုးစားမည်။"ယောင်းလေး..."
အတွေးယဥ်ကြောကြားထဲ တဝဲလည်လည်ဖြတ်သန်းနေသည်မို့ ki ခေါ်လိုက်သည်အား
သူမကြားလိုက်မိ။" ဟင်...ဟင် ပြောလေ...ki "
အလန့်တကြားလေးသူ့အားငဲ့ကြည့်လာသည့်
ယောင်းလေးပုံလေးမှာညှိုးနွမ်းလို့နေပါသည်။
ဖြူဖျော့ဖျော့အသားရောင်လေးက ကုတင်ပေါ်ရှိ hyung လိူ ထပ်တူကျတော့မယောင်၊
မဖြစ်....ဒီတိုင်းထားလို့တော့မရ...hyung သတိမရခင် ယောင်းလေးပါထပ်တူနေထိုင်မကောင်းဖြစ်လာရင် hyung နိုးလာတာနဲ့ သူဘယ်လိုရှင်းပြရမည်လဲ။
YOU ARE READING
Purple Melody @@@Complete@@@