" မောင်..."ဆုံလည်ခုံပေါ် စာရင်းဇယားများဖြင့်အလုပ်ရှုပ်နေသည့်မောင်က သူ့ခေါ်သံအားမကြား၊
ဒီနေ့ ထယ် မောင်တို့ကုမ္ပဏီအား လိုက်လာခြင်းပင်၊
အပြန် kimစံအိမ်တော်ဆီဝင်မယ်ဆိုတဲ့
မောင့်စကားကြောင့် သူနည်းနည်းတော့
အံ့အားသင့်သွားသည်။မောင်က သူနှင့်ရေရှည်စီမံကိန်းချထားသည်များအား ကားမောင်းရင်း အပြုံးမပျက်ပြောနေသည်မှာ သူတောင်သတိလက်လွတ်ငေး
ကြည့်နေရတဲ့အထိ၊ကုမ္ပဏီရောက်တော့လည်း မောင်ကိုင်ဆွဲလာသည့်လက်ပိုင်ရှင်အား ဝန်ထမ်းများက အထူးအဆန်းလို ကြည့်ကြသည်။
မောင့်ရှေ့တွင်မို့ပေါ်ပေါ်ထင်ထင်မကြည့်ရဲ
ကြသော်လည်း သိသာသလိုတမျိုး၊ မသိမသာ
တမျိုး ခိုးကြည့်ကြ၏။ထယ့်ရဲ့နေရခက်တဲ့ ဟန်ပန်က မောင့်အတွက် ကိုယ်ပိုင်သီးသန့်ဓာတ်လှေကားအတွင်းရောက်
မှသာ စိတ်အေးရသည်။
မောင်ကတော့ ဒါကိုမသိ၊
လမ်းတလျှောက် ခပ်တင်းတင်းဆုပ်ကိုင်ထား
သည့် သူ့လက်များမှာ ချွေးစေးများထွက်ရင်း
ရင်တုန်ပန်းတုန်ဖြစ်ခဲ့ရ၏။" မောင်လို့..."
ဖတ်လက်စ မဂ္ဂဇင်းစာအုပ်အား ချကာ
မောင့်စားပွဲနားသူရပ်လိုက်တော့ မောင်ကအပြုံးလေးဖြင့်မော့ကာကြည့်သည်။" အချစ်ပျင်းနေပြီလား..."
မေးတတ်လေစွ၊
မေးများမေးလာပါ့မလားလို့...
မပျင်းရုံတမယ် ပဲ ၊
" မေးလည်း မေးတတ်တယ်နော်...မပျင်းပဲနေမလား "
နှုတ်ခမ်းအားစူကာ ချိတ်ကာပြောလိုက်တော့
မောင်က ကျောလှုပ်ရုံမျှ ထကာရယ်သည်။ပြီးနောက် တန်း၌ချိတ်ထားသည့် မောင့်အပေါ်ရုံကုတ်အား ဝတ်လိုက်ရင်း
" နေ့လည်စာသွားစားမယ်လေ... အချစ်ဘာစားချင်လဲ...ဂျပန်စာလား...တရုတ်စာလား...ဒါမှမဟုတ် ထိုင်းစာလား..."
" မောင်အဆင်ပြေမယ့်ဆိုင်ပဲရွေးလိုက် "
သူအခုချိန်ထိ မောင့်အားစိတ်ဆိူးမပြေသေး၊
မောင်က သူ့ပါးလေးအား ခပ်ဖွဖွ မွှေးကြူလိုက်တော့ သူတမင်တဖက်သို့ရှောင်လိုက်သည်။
ဒါကိုပင် မောင်ကဘာပျော်နေသည်လဲမသိ၊
ထပ်ကာရယ်၏။
YOU ARE READING
Purple Melody @@@Complete@@@