အပိုင်း 30

1.3K 96 28
                                    

ထယ် စံအိမ်တော်အတွင်းသို့ ခပ်မြန်မြန်လျှောက်လှမ်းလာရင်း ပါးရှိရာ စာကြည့်ခိုင်းအတွင်းသို့ ဝင်လာခဲ့သည်။

ခန္ဓာကိုယ်က စိတ်သွားတိုင်းကိုယ်မပါ၊
အမှန်အတိုင်းသာဆို သူအနားယူချင်မိသည်။

သို့သော် ထိုသို့လုပ်လို့မဖြစ်...

" ပါး..."

ပြတင်းပေါက်နဘေး တစုံတဦးဖြင့် ဖုန်းပြောနေပါသည့် ပါးက ထယ့်အသံကြောင့်လှည့်
ကြည့်လာရင်း စားပွဲခုံများဘက် ထိုင်ရန် လမ်းညိုးညွှန်ပြ၏။

သူအလိုက်တသင့်ထိုင်လိုက်တော့ စူးကနဲနာကျင်သွားသည်က မျက်ရည်ကျမတတ်၊

အသာလေးခန္ဓာကိုယ်အား ရွှေ့စောင်းကာ
ခပ်ဖွဖွပြန်ထိုင်ရသည်။

ဖုန်းပြောပြီးသည်နှင့် ထယ့်ရှေ့ ကျွန်းစားပွဲထိုင်ခုံတွင် ပါးကဝင်ထိုင်သည်။

" နေ့လည် အစည်းအဝေးခေါ်ထားတယ် ၊
ပါးကိုရှယ်ယာရှင်တွေက လှမ်းဆက်အကြောင်းကြားမှ သိရတာ...ဒီကောင်လေး
ဆိုယောင်း နောက်ဆုံးတော့ သူ့အကြံတွေပေါ်လာပြီပေါ့..."

ပါးကမချိတင်ကဲ ရေရွတ်သည်။

ငယ်ရွယ်စဥ်ကတည်းက အခုချိန်ထိထိန်းကျောင်းပြုစုခဲ့သည့်စေတနာများနှင့်ကျေးဇူးတရားများအား မထောက်...

" ပါး...ထယ်တို့ ဒီ meeting ကိုတက်မှရမယ်၊ ဒါမှ သူဘာတွေကြံနေလဲဆိုတာ
အကွက်ကျော်ဖမ်းနိုင်မှာ..."

ပါးက ဒါကိုသဘောတူလက်ခံသည်။

မားကတော့ ဒီကိစ္စအားမသိသေးပါ၊
ထယ်နှင့်ပါးသာလျှင် ဒီ meeting ကိစ္စနှင့်အတူ အစ်ကိုဆိုယောင်း၏ အကြံအစည်များအား ရိပ်စားမိထားသည်ပင်။

meeting roomထဲ ထယ်နှင့်ပါး ဝင်လိုက်ရင်ဖြင့် အတွင်းရှိ ဂုဏ်သရေရှိလူကြီးလူကောင်းများက နှစ်လိုဖွယ် လာရောက်နှုတ်ဆက်ကြသည်။ သို့သော်ငြား
လည်း တချို့တလေတော့မပါ၊.သေချာတာတော့ အစ်ကိုဆိုယောင်းရဲ့ စည်းရုံးမှုနောက် လိုက်ပါနေသူများပင်၊

ပါးနှင့် စကားပြောနေကြသည့် တချို့တလေမှာတော့ ဟိုးယခင် ပါးကိုယ်တိုင် ဒီ ကုမ္ပဏီ
အား စတင်တည်ထောင်ချိန်ကတည်းက
သိကျွမ်းရင်းနှီးခဲ့သည့် ရှယ်ယာရှင်များပင်။

Purple Melody  @@@Complete@@@Where stories live. Discover now