အပိုင်း12

1.7K 113 20
                                    

" အခြေအနေ ဘယ်လိုလဲ "

" ပြန်ရောက်တည်းက ခုထိ အပြင်မထွက်
သေးပါဘူး boss "

ဖုန်းတဖက်ကဖြေဆိုသံကြောင့် သူသက်ပျင်း
ယဲ့ယဲ့လေးချလိုက်သည်။

" ကောင်းပြီ ၊ မင်းပြန်ခဲ့တော့ ၊ တခါတည်း
ရုံးဆင်းလိုက်..."

" ဟုတ် boss "

ဖုန်းလေးအား သူဖြေးညင်းစွာ စားပွဲပေါ်
သို့တင်လိုက်ရင်း ကိုက်ခဲနေသောခေါင်း
အား လက်ချောင်းများဖြင့် ဖိနှိပ်မိသည်။

မနက်ရောက်ကတည်းက သူမနားရသေး၊
pa ဖျော်ပေးထားတဲ့ ကော်ဖီခွက်လေးကတော့
အေးစက်စက်ဖြစ်လို့နေသည်၊

တငုံမျှ သောက်ချလိုက်ရင်း စာရင်းတွေထဲ
တဖန်ခေါင်းငိုက်စိုက်ရပြန်သည်။

" ဝင်ခွင့်ပြုပါ boss "

တံခါးခေါက်သံနှင့်အတူ ဝင်လာသည့်သူ့ pa
ကြောင့် လုပ်လက်စအလုပ်ကိုသာ အာရုံစိုက်
လိုက်၏။

" ဆို... "

သူစိတ်မပါလက်မပါဖြစ်နေသည့်အမေးအား
အတွင်းရေးမှူးက အသာ ကြည့်သည်။
ကြည့်ရတာ အခြေအနေကို အကဲခတ်နေပုံ

" senior accountant အသစ်အတွက်
bossကိုလာပြတာပါ၊ cv formတွေအရ
လုပ်သက် အရင့်တွေပဲ ရွေးချယ်ခေါ်ယူထား
ပါတယ် boss "

အတွင်းရေးမှူး so က cv form တထပ်အား
စားပွဲပေါ်သို့ အသာအယာလာတင်၏။

" တော်ပြီ ၊ accountant ပိုင်းအတွက်
အဆင်ပြေမယ့်တယောက်ကို ခန့်လိုက်၊ အခု
လိုတွေ ရှုပ်ရှုပ်ယှက်ယှက် ထပ်ဖြစ်လာလို့ကတော့ မှားတဲ့သူကော ၊ တာဝန်ရှိသူပါ အလုပ်
ဖြုတ်ပစ်မယ်ဆိုတာ သဘောပေါက်! "

ခြိမ်းခြောက်သလို ဟန့်လိုက်ပါသည့် boss အသံကြောင့် သူမဘက်မှ အလျင် အမြန်
နားလည်ကြောင်း ခေါင်းငြိမ့်ပြရသည်။

ခုချိန်ထိ သူမ၏ boss ဖြစ်သူမှာလည်း
ရှန်ဟိုင်းက ပြန်လာတည်းက မနားရသေး။

အမှားအယွင်းဖြစ်ကာ accounting ပိုင်း
မှ လွဲမှားမှုကြောင့် ငွေစာရင်းရလဒ်မှာ
လကုန်ခါနီး အဝင်ပြဇယားအတွက် အခက်တွေ့နေရသည်။
သူမအား ကုမ္ပဏီတွင် လိုအပ်တာမှန်သမျှ
အတွက် ထားခဲ့သော်လည်း bossမရှိတော့
လုပ်ရကိုင်ရသည်မှာ အဆင်မပြေ။

Purple Melody  @@@Complete@@@Where stories live. Discover now