" မောင် ငါ မင်းအတွက် ဖက်ထုပ်ဝယ်လာ
တယ် ၊ ပူတုန်းလေး လာစားလှည့် "လက်နှစ်ဖက်အား ဆုပ်ကာ အအေးဒဏ်
ကို ခံတွင်းငွေ့ပေးရင်း ပြောလာသည်က
တိုးဖျော့စွာ၊သူ့ အတွင်းရေးမှူးနဲ့ ဖုန်းပြောနေတုန်း
လစ်ခနဲ ထွက်သွားသည်အား သူမသိလိုက်၊
တစိမ်းနိုင်ငံမှာ အဲ့လိုမဆင်မခြေသွားလာ
သည်က အန္တာရယ်အား ဖိတ်ခေါ်နေသလို
ဖြစ်နိုင်သည်ကို ဒီငဂျစ်လေးမသိရော့လေသလား။ဘူးလေးတွေအား ဖွင့်ဖောက်ကာ စားပွဲ
ပေါ်နေရာချနေသည်က ခုချိန်ထိ ဘယ်ကနေ
ပြန်လာသည်လည်းဆိုတာကိုပင် တခွန်းမဟ၊အေးစက်နေသော သူ့လက်ထဲရှိကော်ဖီခွက်
အား တဖက်သို့လွှဲပြောင်းတင်လိုက်သည်၊
ထို့နောက် လေသာဆောင်မှန်တံခါးဖြူ
ချပ်များအား လိုက်ကာများဖြန့်ကာချလိုက်ရင်း
ခပ်သော့သော့လေး လျှောက်လာလိုက်၏။မွေ့ယာပေါ်သူထိုင်ချလိုက်တော့ တူတစုံအား
ဖွင့်ဖောက်ကာ ကမ်းပေးလာသည့်သူက
jungkookရှေ့ စားစရာများ ကို ထည့်
ကာပေးလာသည်။" ဘယ်တွေ လျှောက်သွားနေပြန်တာလဲ "
မောင့်အသံက မတိုးလွန်း ၊ မကျယ်လွန်း
အနေအထား ၊ စေ့စေ့ကြည့်နေပါသည့်.
မျက်ဝန်းများက ဘာကိုများစိုးရိမ်နေပါ
သည့်လဲ၊
မဟုတ်မှ ၊ projectအတွက် စိတ်ဖိစည်း
မှုများနေလို့များလား..." ဟော်တယ်စာတွေကို မောင်မကြိုက်လောက်
ဘူးထင်လို့ ၊ အပြင်က စားသောက်တန်းဘက်
မှာ စားလို့အဆင်ပြေမယ့်ဟာလေး ထွက်
ဝယ်လိုက်တာ၊ ဒါနဲ့ မောင်...နေလို့ရော
ကောင်းရဲ့လား..."နဖူးပြင်ပေါ်သို့ရုတ်တရက် လာကိုင်သည့်
လက်အေးအေးလေးတွေကြောင့် jungkook
လန့်ကာ အနောက်သို့ ရုတ်တရက်ဆုတ်မိသည်။ဒီလောက်အေးစက်နေတာကို အပြင်ကို
ထွက်သည်လား ၊ လက်အိတ်မဝတ်ဘာမဝတ်
နဲ့၊ အပေါ်ရုံ တထပ်သာ ဝတ်ထားသည်က
အအေးဒဏ်ကို ခံနိုင်ရည်ရှိခဲ့မယ့်ပုံမပေါ်။ဒါနဲ့များ ဘာလို့ ထွက်ပြီး ဝယ်နေသေးသလဲ၊
တကယ်ကိုပါပဲ...
YOU ARE READING
Purple Melody @@@Complete@@@