အိမ်ပြန်ရောက်ပြီးကတည်းက အိပ်ယာထဲ
ခွေချင်စိတ်မရှိသည်မို့ ဧည့်ခန်းထဲ ဝင်ကာ
တီဗီထိုင်ကြည့်နေလိုက်သည်။မောင်ကတော့ သူ့ကို ကားပါကင်ထိလိုက်ပို့
သည်။Deliveryဖြင့် မှာစားရန် phအား အိတ်အတွင်းမှ ထုတ်လိုက်တော့ ပါမလာခဲ့၊
သွားပြီ ၊ သူ့ph ဟိုအိမ်မှာကျန်ခဲ့ပြီပေါ့။
စဥ်းစားရင်း ဘေးကြပ်နေချိန် တံခါးခေါက်
သံကြောင့် အပြေးလေးဖွင့်လိုက်တော့
Bin bin..." ယောင်းနီး...hello "
" bin "
Binက သူကွယ်ထားတဲ့ တံခါးပေါက်လေးမှ
စောင်း၍ တိုးဝင်ကာ အိမ်ထဲသို့ ဝင်သွားသည်။" ဘယ်ကနေ ဘယ်လို လှည့်လာတာလဲ bin"
" ဒီနေ့ နားရက်လေ ၊ ဆိုင်ရှင်က holiday
ပေးလိုက်တာ "Binက မြို့ရဲ့ နာမည်ကြီး ဆိုင်တခုမှာ
Hair stylistလုပ်နေခြင်း၊ ထယ့်ထက်
စာရင် binက ပိုထူးချွန်သည်၊
ထယ့်မှာတော့ အိပ်လိုက်၊ စားလိုက်နဲ့ကို
အလုပ်ဟူ၍ မယ်မယ်ရရမရှိ၊
အော်...ရှိတယ်လေ ၊ မောင့်ကို ဂရုစိုက်ဖို့အတွေးလေးထဲ ခပ်ကြိတ်ကြိတ်လေးရယ်ချ
လိုက်သည်။" မိုးလင်းထဲက ယောင်းနီးဆီပဲ လာချင်နေတာ၊
အလုပ်ကလည်း ထင်သလောက်အနားမရ
ပါဘူး ၊ ဘွဲ့ ရပြီးရင် ကိုယ်ထွက်တော့မယ် ""ဟော... ဘာဖြစ်ပြန်တာတုန်း၊ စိတ်ကအမျိူးမျိုးပဲ ၊ ပြောတော့ ok ပါရဲ့ဆို "
ဆိုဖာ ပေါ် ပစ်လှဲချနေသည့် binနဘေး
ဖင်လုံးလေးအား တချက်ပုတ်ကာ ထိုင်
လိုက်သည်။" အလုပ်ရှင်ရဲ့သားက ကိုယ့်ကို သဘောကျနေ
လေရဲ့ ၊ တကယ်ပါပဲ ၊ ကိုယ့် type မဟုတ်တော့ ခက်သား "ထိုအခါမှ ထယ့်မှာ နားလည်သွားသည်၊
ကောင်လေးက အခုမှ အထက်တန်းနှစ်ဆို၊
အနေနီးပါများတော့ မလွဲမသွေ စိတ်တိမ်း
ညွှတ်တာမျိုးဖြစ်မည်။ bin...binကတော့
သိတဲ့အတိုင်း ပေါင်မုန့် 8 လုံးနဲ့ တောင့်တောင့်
ဖြောင့်ဖြောင့် ဘဲ ကြီးတွေသာ စိတ်ဝင်စား
တဲ့သူ ၊ ဒီချာတိတ်လေးကို ခေါင်းထဲ ထည့်
ပါ့မလား...
YOU ARE READING
Purple Melody @@@Complete@@@