part10

1.7K 108 9
                                    

shanghai ,ရှန်ဟိုင်း ----🛬

နှစ်ဖက် အစည်းအဝေးပွဲတွက် jungkook
ရောက်ရှိနေခြင်းပေ၊ ဆွေးနွေးဖလှယ် မည့်
ရက်ထက် နှစ်ရက်စောကာ ရောက်ရှိနေခြင်း၊

jeon gpအနေဖြင့် ပြစ်ချက်မရှိ ၊ အမှား
အယွင်း ရှာမတွေ့အောင် ဟန်းဂုမှာတည်းက
သူကြိုတင် ပြင်ဆင်လာခဲ့သည်၊
အခုတခေါက်တွင်တော့ သူ့အတွင်းရေးမှူး
အား ခေါ်မလာဖြစ်ခဲ့ ၊ ဒီဘက်ကလိုအပ်တာ
များရှိရင် ဟန်းဂုဘက်က ကြိုတင်ပြင်ဆင်
လို့ရအောင် သူတယောက်တည်း ထွက်လာ
ခဲ့ခြင်းပင်။

မနက်ရောက်တည်းက ဖက်စပ်ဆက်တူ
လုပ်ငန်းစုဘက်အား သတင်းအခြေအနေ
စောင့်ကြည့်ရင်း သူ့တကိုယ်လုံးလည်း
ညောင်းချိနေသည်။
တပ်ထားသောမျက်မှန်ကိုင်းလေးအား တဖက်
စားပွဲပုပေါ်တင်ကာ အညောင်းပြေ အကျော
ဆန့်လိုက်သည်၊

မှန်ပြတင်းပေါက်များမှ မြင်နေရသည့် ရှန်ဟိုင်း
မြို့ကြီးဟာ သက်ဝင်လှုပ်ရှားနေရင်း မိုးမျှော်
တိုက်များစွာက ထည်ဝါစွာတည်ရှိလျက်သား...

စီးကရက်တလိပ်အားမီးညှိလိုက်ရင်း သူ့နှုတ်
ခမ်းထူထူထက် တရှိုက်မျှ ရှိက်ဖွာလိုက်ကာ
အပြင်ဘက်ဆီအား ငေးမောကြည့်နေမိ၏။

တီ...တောင်...

အခန်းရှေ့ တံခါးဘဲလ်သံကြောင့် မှီလျက်သား
ဖြစ်နေသည့် သူ့ခန္ဓာကိုယ်အား တည့်မတ်
လိုက်ရင်း ခပ်ဖြေးဖြေးလျှောက်လာလိုက်သည်။

ဟိုတယ်ဝန်ထမ်းတွေများလား...?

တံခါးအား ဆွဲကာ ဖွင့်လိုက်တော့

" မင်း..."

ရုတ်ခြည်းသူ့ပေါ်သိူ့ မှီတွယ်ဖက်လာသည့်
လက်များက သိမ်းကျုံးစွာဖြင့်...

" လွမ်းလိုက်တာ...မောင်ရာ"

နေပါဦး ၊ ဒီငဂျစ်လေးက ဘယ်ကနေ ဘယ်လို

မောင့်မျက်နှာပြင်ထက်အံ့သြမှုများက
မရပ်မနား ထွက်လာရင်း ထယ့်အား စိုက်
ကြည့်နေသည်။ ရေချိုးခန်း ဝတ်ရုံအား
ဝတ်ကာထားသည်မို့ မောင့်ရဲ့ကျစ်လှစ်လှစွာ
သော ဝမ်းဗိုက်ကြွက်သားများက အမြောင်း
လိုက်၊ ဆံပင်တို့ကလည်း မဖြီးလိမ်းပဲ
ဘေးဘက်သို့ ပုံကျနေသည်က မြင်ရသူ
အပေါင်းအား ရမက်ခိုးများဝေစေသည်၊

Purple Melody  @@@Complete@@@Where stories live. Discover now