အပိုင်း 13

1.7K 121 19
                                    


" jungkook "

" ဟင် "

lover seat တွင် ထိုင်နေသည့် hyung
အသံကြောင့် သူရုတ်တရက်လန့်သွားမိသည်၊

" hyung မေးနေတာ ကြာလှပြီ ၊ ဘာတွေ
တွေးနေတာလဲ ၊ ကားမောင်းလို့ အဆင်​ပြေ
ရဲ့လား "

hyung ရဲ့အပြောကြောင့် စတီယာတိုင်အား.
ကိုင်ထားသည့် လက်တစုံမှာ တင်းကြပ်ကြပ်
ဖြစ်လို့သွားသည်။

သူအတွေးလွန်နေတာလား ၊

hyung ကို သွားခေါ်တော့ ငဂျစ်လေးက
kim စံအိမ်တော် ရောက်နေသည်တဲ့လေ၊
သူ့အား ကြည့်လာသည့်မျက်ဝန်းစိုစိုလေးတွေ
ဟာ အရောင်လဲ့လာရင်း ရုတ်တရက် နှုတ်ခမ်း
တစုံအား ခပ်တင်းတင်းမဲ့ရွှဲ့လိုက်သည်၊
ခပ်စူးစူးဖြင့် စိုက်ကြည့်လာပါသည့် အကြည့်
တွေက ကျောချမ်းစရာ ၊ သူ့အား အမြဲတမ်း
မျှော်လင့်တကြီး ကြည့်နေတတ်သည့်
အရည်ရွန်းရွန်း မျက်တောင်စိတ်လေးတွေ
ဟာလည်း မျက်ဝန်းနက်နက်တွေကြား
တစိမ်းတယောင်ဆန်နေခဲ့သည်။

ခါတိုင်း မထိတထိ ဖြင့် အများသူဌာရှေ့
ပြောဆို ခေါ်ဝေါ်လေ့ရှိသူက သူဝင်လာတည်း
က တိတ်ဆိတ်လို့နေခဲ့သည်။

ဇွန်း ခရင်းအား ဟန်ပါပါ ကိုင်ကာ တလုတ်
ချင်း ခပ်စားနေသည်မှာ jungkookအား
အရေးမလုပ်သည့်ဟန် အပြည့်ဖြင့် ၊

ဘာလို့လဲ...ဘာလို့ သူ့ကို ခုလိုဆက်ဆံရသည်
လဲ

အမှန်အတိုင်းဆို ပျော်နေသင့်ပါသည်မဟုတ်လား၊
ဒါမဲ့...ဘာလို့များ ၊ သူသဘောမခွေ့ရသည်လဲ၊

စိတ်ထဲ တင်းကျပ်ကျပ်နဲ့ရယ်။

အကြောင်းအရင်းအား အခုထိ အဖြေရှာမတွေ့
သလို

" အဆင်မပြေရင် hyung မောင်းလိုက်မယ် "

" ရတယ် hyung ၊ ကျွန်တော် အတွေးလွန်သွားလို့ "

hyungကိုယ်တောင် မျက်နှာချင်းဆိုင်
မကြည့်မိ၊

" hyung မေးတာ ပွဲတော် အားလပ်ရက်
ဘယ်သွားဖို့ စိတ်ကူးထားလဲလို့လေ "

ပွဲတော် အားလပ်ရက် ၊

အာ...ဟုတ်တာပဲ ၊ နက်ဖြန်ဆို လကုန်ပြီ ၊
နှစ်ကူး အားလပ်ရက် အကြိုနေ့ပင်မဟုတ်လား၊

Purple Melody  @@@Complete@@@Where stories live. Discover now