Tae တို့ ဦးတည်ရာသည် ပါစတာဆိုင်လေး
မှ ( )ရပ်ကွက်တွင်ဖွင့်ထားသော ညစျေးတန်း
ဆီသို့...လိုက်ကာစများဖြင့် ဆိုင်ခန်းငယ်
လေးသဖွယ် လုပ်လို့ထားသည့်အရက်ဆိုင်
ငယ်လေးအတွင်း သူနှင့် binဝင်လိုက်ကြသည်။ဆိုင်ရှင်အဒေါ်ကြီးမှ ဆိုဂျူ ပုလင်းများ
နှင့်အတူ အမြည်းအဖြစ် ဝက်သားကင် ဗန်း
လေးအားချပေးသည်။"သောက်နိုင်တာလည်း မဟုတ်ပဲ..."
Bin က ဆိုဂျူဘူးလေးဖွင့်ကာထည့်ပေး
လာရင်း taeရဲ့ အရက်သောက် စကေး
အား လှောင်ကာ ရယ်သည်။"ပေး..."
ထည့်ပေးနေသော ခွက်လေးအစား ဆိုဂျူ
ပုလင်းကိုသာ ဆွဲကာယူလိုက်ရင်း မော့
ကာသောက်ချလိုက်သည်။
အင်း...ပူဆင်းသွားတာပဲ"စွတ်စပ်တွေသောက်မနေနဲ့...မူးလာရင်
ငါက ထားခဲ့မှာနော်..."တကယ်ထားခဲ့မည်လည်းမဟုတ်ဘဲ ဟန်လုပ်
ကာပြောနေသောhanအား"ဘာလဲ ဆိုင်ရှင်အဒေါ်ကြီးဆီကိုလား"
Tae ဘက်မှလည်း နောက်ကာရီဝေဝေလေး
ပြုံးကာမေးလိုက်သည်၊ မွန်းကြပ်မှုကြောင့်
ပေါ်လာသည့် အပြုံးများမို့ ရင်ထဲမှ ထွက်
လာသည့် အစစ်အမှန်အပြုံးလောက်တော့
မပီမသ ၊ပင်ပန်းနေလည်း ဟန်ဆောင်ကောင်းတဲ့
သူမဟုတ်လား...အဟက်... ဘာတွေ ဒီလောက်တောင်ခံစား
နေရပြန်ပြီလဲ ကင်ထယ်ယောင်း၊
ဒါ မင်းရွေးချယ်ထားတဲ့ လမ်းမဟုတ်လား"ဟုတ်တယ် ဟုတ်တယ် ၊ အပိုင်သာ
ယူထားလိုက်ဆိုပြီး ထားခဲ့လိုက်မှာ"နှစ်ယောက်သား သောက်နေသည်မှာ
ပုလင်းလိုက်ကို၊ အမြည်းကတော့ ခုချိန်
ထိတဆက်မှ မလျော့သေး..."ဟားဟား.... မင်းထားခဲ့လည်း
မောင်က ငါ့ကိုလာခေါ်မှာပေါ့"ထီမထီဟန်လေးဖြင့် မေးလေးပင့်ကာ
ပြောလိုက်သည်။"ဘယ်မောင်လဲ...jeon jungkookလား၊
လာမယ် အားကြီးကြီး...သူ့အစား bin
ဆိုတဲ့ ငါကသာ ပြန်လာရွေးမယ်ဆို
နားထောင်လို့ကောင်းသေး..."ထိုအခါမှ taeအပြုံးတွေဟာ တိတ်ဆိတ်
သွားသလို၊ ရုတ်ချည်း ငြိမ်ကျလို့သွား
သည်။
အမှန်ပဲလေ ကင်ထယ်ယောင်း ၊
Binပြောတာ ဘာမှားနေလို့လဲ... မင်းမရှိ
ရင် ဟိုက ပိုလို့တောင် ပျော်နေမှာမလား...
YOU ARE READING
Purple Melody @@@Complete@@@