အပိုင်း23

1.7K 106 17
                                    


" ဘယ်လို...အချစ်ကို ဘယ်သူပြောလဲ "

ညနက်နက်ကောင်းကင်ပြာက ကြယ်ရောင်စုံများဖြင့် လင်းလက်နေသည်။

အရှေ့မျက်နှာစာတွင်ထွန်းထားသည့် ဂျာမနီ
made မီးတိုင်လေးက အလင်းရောင်ဖြာကျကာ လမ်းမထက်အား အပေါ်စီးမှတဆင့်
ရှုခင်းကျယ်လို တပြေးတည်းမြင်နေရ၏။

သံပန်းတိုင်လေးတွေအား မှီကာရပ်နေသည့်
ထယ့်နောက်ကျောတွင် မောင်ကနေရာယူလိုက်
ရင်း အမွှေးပွ ခြုံထည်ရှည်စောင်လေးကို.တယု
တယ ပတ်ပေးသည်။

သူ့စိတ်ထဲအနွေးဓာတ်လေးအား ခံစားရနေ
သည်။
ထိုမျှမကပဲ မောင်က နောက်ကျောဘက်မှ
ထယ့်ကိုယ်လုံးလေးအား သူ့ရင်ခွင်ကျယ်ကျယ်ထဲဆွဲကာသွင်းလိုက်ပြန်သည်။

ရင်ထဲတထိတ်ထိတ်ခုန်ရင်း နှလုံးလေးတွေမှာ
အချက်ပေးသံလို တတီတီမြည်ဟီးနေသလို၊

သူ့နှလုံးခုန်သံတွေကို မောင်ကြားသွားလိမ့်မလား...

မောင်နဲ့ အနေနီးကပ်နေတိုင်း သူလုံခြုံမှု
တခုလို အမြဲလိုခံစားရ၏။
ပါးစပ်ကထုတ်မပြောရင်တောင် မောင့်အနား
နေရသည်အား သူ့စိတ် ခန္ဓာကိုယ်က ငြင်းဆန်၍မရခဲ့ပါ။

" မဟုတ်...သူက အဲ့လိုပြောလို့ပါ ၊ ငါ..ငါလည်းမယုံပါဘူး ၊ မောင်က ငါ့ကိုအဲ့လိုမလုပ်ခဲ့လောက်ဘူးလေ... ဟုတ်တယ်မလား "

ရင်ခွင်ထဲရှိနေသူလေးက လည်ပြန်ကာ လှည့်
ကြည့်လာသည်။

မျက်ဝန်းစိုလေးတွေက သိချင်စိတ်​ကြောင့်ပေလား...
အရောင်လေးတွေ တဖြတ်ဖြတ်ခတ်ကာ ဝေဆာရင်း jungkookရဲ့.စကားသံအား နားဆင်ရန်အသင့်ဖြစ်နေသလို။

ဟိုကောင်လေး ဘာတွေမဟုတ်မဟတ်ပြော
လိုက်သလဲမသိ၊

မောင်က သူကိုနှုတ်ခမ်းစွန်းလေးတွေ ကော့တက်ရုံမျှ ရယ်ပြရင်း ခေါင်းလေးအား ခပ်ဖွ
ဖွလေးပုတ်လာသည်။

" သူက အချစ်ကိုအဲ့သလိုပဲ ပြောသလား..."

" အင်း "

" ဒါဆို အချစ်ကကော သူ့ကိုဘာပြန်ပြော
လိုက်လဲ? "

" ဟင်...ပြောတော့ မပြောလိုက်...ပေမယ့်
ခေါင်းညိမ့်ပြီးလည်း သူပြောသမျှ နားမထောင်လိုက်ပါဘူး..."

Purple Melody  @@@Complete@@@Where stories live. Discover now