" မောင် နဲ့လိုက်ခဲ့မလား..."" ဟင် "
အနက်စင်းပါ အဖြူရောင်နက်တိုင်အား ထယ့်
ဘက်က မမှီမကမ်းလေးဝတ်ပေးနေပေမယ့်
မောင်က ဒါကိုအာရုံမရောက်၊
ကုမ္ပဏီသို့ လိုက်ခဲ့ရန်သာအပါခေါ်နေသည်။" လိုက်ခဲ့လေ...ဒီမှာတယောက်တည်းဆိုတော့အချစ်ပျင်းနေလိမ့်မယ်..."
suit အား ကိုယ်တိုင်းဖြင့်ချုပ်လုပ်ထားသည်ကနာမည်ကြီး ဒီဇိုင်နာတယောက်၏လက်ရာ၊
မောင့်ခန္ဓာကိုယ်ထက် သဏ္ဌာန် ရုပ်လုံးပေါ်အောင် ဝတ်စုံပြည့်ဖြင့် တီဗီ မဂ္ဂဇင်းတွေထဲမှ
ခုန်ထွက်လာသလို ကြည့်ကောင်းလှသည်။ထို့ထက်ပို၍ ပို၍ပနံသင့်စေသည်မှာ မောင့်ရဲ့တည်ငြိမ်ဟန်အပြည့်ဖြင့် ချောမောလှပါသော
မျက်နှာနေမျက်နှာထား..." မလိုက်ချင်ပါဘူး မောင်ရာ...ဟိုမှာ မောင်ကအချစ်လိုက်လာတော့အလုပ်ကောင်းကောင်း
မပြီးပဲနေလိမ့်မယ်၊ အိမ်သာ စောစောပြန်ခဲ့
ဟုတ်ပြီလား..."ကုမ္ပဏီသို့မရောက်သည်မှာ နှစ်ကူးရုံးပိတ်ရက်
တည်းက အခုချိန်ထိဆို နှစ်ပတ်နီးပါးလောက်
ရှိနေပြီ။
အလုပ်ကိစ္စမှန်သမျှလည်း သူ့လက်ထောက်နဲ့
ပဲ လွှဲထားတာမို့ bossတယောက်အနေနဲ့
အလုပ်ပျက်ရက်ယူတာကြာရင် ဝန်ထမ်းတွေ
ပေါ် ပစ်စလက်ခတ်လုပ်သည်ဟု ရှယ်ယာရှင်များ ထင်မြင်ယူဆသွားနိုင်သည်။
ဒါမို့ jungkook မသွားလို့မဖြစ်၊
ငဂျစ်လေးအားလည်း တယောက်တည်းမထားခဲ့နိုင်..." ဒါဆို မောင်စောစောပြန်ခဲ့မယ်၊ အချစ်ကို
စိတ်ချမယ်နော် "ပုခုံးသားလေးနှစ်ဖက်အား ခပ်ဖွဖွဖိညစ်ရင်း
ငုံ့ကိုင်းကာ ထယ့်နှဖူးပြင်လေးအား အနမ်းချွေ
သည်။" အင်းပါ...မောင်စိတ်မချရအောင် ငါကကလေးလား..."
"ကလေးတယောက်လိုပဲ မောင့်မျက်စိထဲ
မြင်လို့ အချစ်ကို ဒီလိုပြောနေရတာပေါ့ ၊
ဒါတွေ အချစ်ဘယ်သိမလဲ...မောင်က
အချစ်ကိုဆုံးရှုံးလုနီးဖြစ်ခဲ့တဲ့သူ...မောင့်ဘဝမှာ
အဲ့နေ့ရက်ကိုပြန်စဥ်းစားရင်း ဘယ်လောက်တောင်ကြောက်လန့်ခဲ့ရလဲ "
YOU ARE READING
Purple Melody @@@Complete@@@