part5

1.9K 114 10
                                    

တံခါးအားတွန်းဖွင့်ကာဝင်ရောက်လိုက်တော့
အခန်းကျယ်တခုဟာ ရှင်းလင်းတောက်ပြောင်
နေမှုနှင့်အတူ အခန်းတွင်း အသုံးအဆောင်
များက နေထိုင်သူ၏ ဂုဏ်ကိုဖော်နေသည်။

ဆွဲကိုင်လာပါသော လက်အား ခုထိ
မလွှတ်သေးဘဲ အခန်းတံခါးပြန်စိရင်း
လျှောက်လှမ်းသွားသူနောက် ထယ်လိုက်
ရပြန်သည်။

ခုချိန် ထယ့် စိတ်ထဲတွင်လည်း အနားယူ
မှေးစက်ချင်မိသည်မို့ ဘာမှ အထွန့်မတက်မိ၊

မောင်က ဧည့်သည်ဆောင်ဘက်မခေါ်သွား
ပဲ သူ့အခန်းဆီအား ခေါ်လာသည်မို့လည်း
ပို အံ့သြရပြန်ပါသည်။

တည်တင်းနေတာမျိုးလည်းမဟုတ် မူရင်း
ပုံစံလေးအတိုင်း အိပ်ယာပြင်အား ကြည့်
ရင်း နှုတ်ခမ်းတို့အား ခပ်ဆတ်ဆတ်လေး
သပ်ချလိုက်ရင်း ထယ့်အား ကြည့်လာ
သည်။

ထို့နောက်

" ဒီမှာ အိပ်လိုက်  ၊ လိုတာရှိ ဟိုဘက် ခလုတ်
နီလေး နှိပ်ချပြီး လှမ်းခေါ်လို့ရတယ်."

Digital ခလုတ်နီလေးအား လှမ်းကာပြ
နေသည်မို့ ထယ့်မှာ လှမ်းကြည့်ရပြန်သည်။

"အင်း... jungkook "

မောင်လို့ခေါ်နေကြ စကားသံတွေဟာ
တိကနဲ ထွက်မလာပါဘဲ ၊ သူစိမ်းသူရံလို
Jungkookဟုသာ ခေါ်ဝေါ်သုံးစွဲမိသည်။

မြင့်တက်သွားသော မောင့် မျက်ခုံးတန်း
များက အကြောင်သားကြည့်လာရင်း

" ကောင်းပြီ ၊ ဒါဆို ခွင့်ပြုဦး "

နှစ်ယောက်သား ကြား စကားတခွန်းမှ
မဟမိတော့ ၊ မောင်သည်ပင်လျှင်
ထယ့် အား မျက်ခုံးပင့်ပြရင်း အိပ်ယာပြင်
အား မေးငေါ့ပြသည်။

နားမှာမောင် ၊ ငါ အိပ်ချင်နေပြီ၊

မောင့်ရှေ့မှ လျှောက်လာရင်း မွေ့ယာဘေးရှိ
စားပွဲရှည်ပေါ်သို့ ဝေါလက်နှင့်အတူ ကားသော့
လေးအား အစီအရီတင်လိုက်သည်၊ ထို့
နောက် ဘေးအိတ်လေးအတွင်းမှ ဖုန်းလေး
အား ခေါင်းအုံးအောက် ချထားရင်း
မွေ့ယာပြင်ထက် လှဲချလိုက်သည်။

အိကနဲဝင်သွားသည်မှာ ကိုယ်လုံးပြည့်၊
အိပ်ဆက်ရသည်မှာလည်း မောင့်ရနံ့များ
ထုံလွှမ်းနေသည်လို့လားမသိ ကျေနပ်နေမိ
သည်။မောင့် ခေါင်းအုံးဖြူလေးအား တချက်
မျှ မွှေးကြူလိုက်တော့ စိတ်ထဲဘာရယ်မဟုတ်
အပြုံးတစက လှစ်ခနဲပေါ်လို့လာသည်။

Purple Melody  @@@Complete@@@Where stories live. Discover now