ရှေ့ကလျှောက်နေတဲ့ ဆိုယောင်းခြေလှမ်းတွေ
ရပ်တန့်လိုက်မိသည်။
ပန်းခြံလေးဆီ သူလမ်းလျှောက်ထွက်လာခြင်း" ထယ်..."
သူ့နောက်မှ လိုက်လာသူ ညီငယ်က မေးတချက်
ငေါ့ပြကာ ကျောက်စားပွဲ ထိုင်ခုံတွေဘက်
လျှောက်သွား၏။
ဒါ သူ့အား နောက်မှ လိုက်ခဲ့ဟူသည့်သဘောမျိုးဖြင့်ကျောက်သားများဖြင့် ပြုလုပ်ထားသော စားပွဲ
ဝိုင်းလေးက ခြံဝန်းလေးအတွင်း အနားယူ.အပန်းဖြေရန်အတွက် ပြုလုပ်ထား
ခြင်းပင် ၊ မား နဲ့ ပါးက အပင်လေးတွေ စိုက်
ရတာ ဝါသနာ ပါသူတွေ ဖြစ်တာကြောင့်
ခြံ လေးအတွင်း အမျိုးစုံ ပန်းမန်တို့အား တန်း
စီကာ စိုက်လို့ထား၏။သူထိုင်လိုက်တော့ လက်ပိုက်ကာ ခြေချိတ်လျက်ထိုင်နေသည့်သူက ကျော့ကျော့မော့မော့၊
ပုံမှန် သူ့အား စကားပြောဆိုရမှာ မနှစ်သက်သူ
က အခုတခါမှာတော့ စိတ်လိုလက်ရ ဖြစ်နေ
သည့်ပုံ ၊အပြုံးတခုအားလည်း ဆင်မြန်းလို့ထားသည်မို့
သူ အံ့သြမိလျက်သားလေးဖြစ်သွားခဲ့၏။"တောင်တက်သွားမှာကို hyung မလိုက်ခဲ့နဲ့ "
ပြုံးလျက်ပြောလာသည်က ဒီလိုစကားမျိုး
လား..." ဘာလို့လဲ ထယ် "
တွေ့လား...မလိုက်ခဲ့နဲ့ဆို မလိုက်နဲ့ပေါ့ ၊
ဘာတွေ အပိုစကားတွေပြောချင်နေရတာလဲ ။" အကြောင်းပြချက်မရှိဘူး "
" အကြောင်းပြချက်မရှိဘဲ hyung ကိုမလိုက်
နဲ့ဆိုတာက ဘာသဘောလဲ၊ ပြီးတော့ မနေ့က
hyungမေးတာကို ထယ်မဖြေရသေးဘူး ၊
အဲ့တာပါ တခါတည်း ဖြေပေးထယ် "လိုလို့လား ၊ သူမေးသမျှ ထယ်က ဖြေပေး
ရအောင်...ဒီနေ့မှ ကတ်ကတ်လန်ရန်တွေ့နေသည်က
မောင့်အားကိုးကြောင့်လား ၊ ရေကူးတတ်တဲ့
သူက ရေနစ်ချင်ယောင်ဆောင်တယ်ဆိုတော့
ထယ့် အပေါ်အပြစ်လွှဲချဖို့ ကြံရွယ်ခဲ့တာပေါ့
ေလ...လည်လွန်း ၊ မွှတ်လွန်းလ်ုက်တာ။"hyung မေးသမျှ ဖြေပေးလိမ့်မယ်လို့
ဘာလို့ ထင်နေရတာလဲ ၊ ဟမ်...
hyung ဟာလေ ဖြူစင်သယောင်နဲ့
အမျိုးမျိုး ကလိမ်ကျတတ်တဲ့သူပဲ ၊ ဒါကို
jungkook က မသိဘူးမလား...ဟား
ဟား...မသိလောက်စရာဖြစ်အောင် ဖုံးကွယ်
တတ်တာလည်း hyungအကျွမ်းကျင်ဆုံး
အလုပ်တခုပဲလေ..."
YOU ARE READING
Purple Melody @@@Complete@@@