တတီတီမြည်နေသော phက အဆက်မပြတ်၊
သူ့ရင်ခွင်ထက်မှသူလေးက လူးလွန့်လာသည်။
ကျစ်! ဒီအချိန်ကြီးကြမှ ဘယ်သူက ph
ခေါ်ရပြန်တာလဲ။အိပ်ယာနဘေး အားသွင်းလျက်သား phအား
ဆွဲယူလိုက်ရင်း ဘေးကအိပ်နေသူလေး
အား စောင်လေးလွှမ်းခြုံပေးလိုက်သည်။ခပ်ဖွဖွခြေလှမ်းတွေက ညအိပ်မီးအိမ်ကြား
ကောင်းစွာမမြင်ရ၊တံခါးအား အသာဆွဲဖွင့်ရင်း ဧည့်ခန်းဆီ
သူရောက်လာ၏။အဝင်callအား သူပြန်လည်ဖြေကြားရန်
နှိပ်လိုက်ရင်း" ဘာကိစ္စလဲ!"
တဖက်မှ ဖြေမည့်သူမှာ တန့်သွား၏။
သူ့ hyungအတော်စိတ်ကြီးသည်မို့ ki ကောင်းစွာ စကားစရန် ဟန်ပြင်ရင်း
" hyung... kiပါ "
" မင်းကို ဘာကိစ္စလဲလို့မေးနေတယ်လေ! "
ဒေါသတကြီး ဆူငေါက်လိုက်သည်က
သူတောင်ခပ်အမ်းအမ်းဖြစ်လို့သွား၏။ဒီသားအမိနှစ်ယောက်လိုက်လည်း လိုက်ပါပေတယ်...
"hyung... တီတီ မေးနေတယ်၊ hyungတို့
အကြောင်းကို သိသွားပြီ ၊ ပြီးတော့ သူဆက်တာကို hyungကမကိုင်ဘူးတဲ့ ၊ မနက်ဖြန်
သူ့ဆီလာခဲ့လို့ပြောတယ်၊ မလာဘူးဆိုရင်
သူကိုယ်တိုင် လိုက်လာမယ်လို့ပါပြောခိုင်း
လိုက်တယ်""ဒါပဲမလား..."
ဟမ်၊ ဒါပဲတဲ့လား...ဒီကိစ္စနဲ့ပတ်သက်ပြီး
hyungဘက်က မပူပန်တဲ့အတိုင်း ပြောချ
လိုက်သည်က...kiတော်တော်အံ့သြမိသည်အထိ၊
သူ့မှာတော့ သူ့ hyungအတွက်ကြောင့်
တွေးပူပေးနေမိသည်မှာ ထိုင်ရာက ထမရ၊
jeonsတွေကို hyungက ဘယ်လိုဖြေရှင်း
ချက်ပေးမှာလဲ...သူ့တို့ မိသားစုထဲ အာဏာထိန်းထားသူမှာ
အကြီးဆုံးမိသားစုဝင်ဖြစ်သူ jeonမားမား
ပင်၊ ဒါမို့ သူသည်ပင်လျှင်မလွန်ဆန်ရဲ၊
ki ၏မိခင်ပင် jeonမားမားအား တရိုတသေ
ပြုရသည်။အစဥ်အဆက် မိသားစုအမွေအနှစ်အား ထိန်း
သိမ်းလာကြသူများဖြစ်သည်မို့ အကြီးဆူံး
အာဏာ ထိန်းထားသူအား ဘယ်သူမှ အထွန့်မတက်ရဲကြ၊
YOU ARE READING
Purple Melody @@@Complete@@@