အပိုင်း31

1.3K 83 8
                                    


ပွင့်ဟလာသည့်မျက်ဝန်းလေးတွေက မပီမသ၊ဝိုးတဝါးဖြင့်၊
လက်အား လှုပ်ခတ်လိုက်သည်မို့ စူးနစ်စွာ အနည်းငယ်မျှ နာကျင်လို့သွားသည်။

ဆေးချိတ်အိတ်လေးအတွင်းရှိ ဆေးရည်ဆက်​လေးများက
အပေါ်တန်းတွင်တတောက်တောက်ဖြင့်
ကျဆင်းရင်း သူ့လက်မောင်းသွေးကြောတနေရာအားနေရာယူလို့ထားသည်။

သူဆေးရုံသို့ရောက်လာခဲ့သည်လား။

ဘယ်သူက ခုလိုခေါ်လာခဲ့သည်လဲ...

မျက်ဝန်းတို့က တဝက်မျှသာပွင့်ဟလာသော်လည်း အားအင်သိပ်မရှိသည်မို့မလှုပ်ချင်။

" ဒါဆို meeting မှာတွေ့ကြတာပေါ့ မစ္စတာဆူဇူကီ... "

တဝက်တပျက်အသံတွေဟာ ဘယ်သူပြောနေသည်မှန်းလည်းမသိ၊ နွမ်းလျပင်ပန်းနေသူမို့ မျက်လုံးများသည်ပင်မပွင့်၊ အသံတွေအား
ခွဲ ခြား၍မရ။

​ကြားရသလောက်ကတော့ အစည်းအဝေးပွဲအတွက်ပြောနေခြင်းပင်၊

ဘယ်သူဘယ်ဝါမှန်းမသိပေမယ့် သူအားယူ
နားထောင်ချင်စိတ်လည်းမရှိပါ၊
ပြန်လည်မှေးစက်သွားသည် မျက်ဝန်းများက
ဆေးအရှိန်ကြောင့်အိပ်စက်အနားယူသွားတော့သည်။

"သေချာပေါက်တော့ ငါ့hyungက မပိုင်ဘဲနဲ့‌ြေပါ ပါ့မလား"

"ki...ငါ ဒီလို ဆိုလိုတာ မဟုတ်ဘူး,မင်းနားလည်ပေးစေချင်တယ်"

"ဒါဆို မင်းဘာလို့ သို၀ှက်ထားခဲ့လဲ၊ hyung‌ြေပါ ြပ မှ ငါသိခဲ့ရတယ်လေ၊ မင်းငါ့ ကို ဘယ်လို သဘောထားခဲ့တာလဲ...အရင်းနှီးဆုံးသူငယ်ချင်း တယောက်အနေ နဲ့တောင် မင်း‌ြေပါ ြပ ခဲ့ ဖူးလို့လား...ငါက မင်းအတွက် အဲ့လောက်တောင် အရေးမပါဘူးလား yo..."

စကားသံများ‌ြေကာင့် ထယ်နိုးလို့လာခဲ့သည်။ မျက်လုံးပွင့်ပွင့်ချင်း ြမင် လိုက်ရသည်က ရှေ့ရှိ လူနာစောင့် စားပွဲခုံရှည်ပေါ်
တွင်တဖက်တချက်ထိုင်နေကြပါသည့် kiနှင့် သူ၏ သွေးရင်းချာညီဖြစ်သူ soo yo ပင်...

ဘယ်လိုလုပ်ဒီနှစ်ယောက်က အတူရှိနေရသည်လဲ...
ပြီးတော့ ဆေးရုံခန်းအတွင်းမှာ

" တော်ပြီ ki, မင်းဆက်ပြောနေရင် hyungနိုးသွားလိမ့်မယ်..."

တယောက်တလှည့်စီ အသံလျော့လိုက်ကြရင်း ဆေးရုံကုတင်ပေါ်ရှိ ထယ့်အား နိုးသွားမှာကြောက်သည့်ပုံဖြင့် လှည့်ကာကြည့်လာကြသည်။

Purple Melody  @@@Complete@@@Where stories live. Discover now