အပိုင်း19

2K 116 23
                                    


"ကိုယ်က မင်းရဲ့ "

jungkookနှုတ်ခမ်းဖျားလေးမှ ထွက်လို့လာသည့် စကားသံလေးအား
ေမျှော်လင့်တကြီး စောင့်ဆိုင်းကြည့်နေပါ
သူ့ သူလေး...

" ဘာလို့လဲ ယောင်းလေး "

​ဖြေရန် ကြံနေသည့် jungkookစကားသံတ်ု့မှာ
ရုတ်ခြည်း တိတ်ဆိတ်လို့သွားသည်။

အနားသို့ ရောက်လာပါသည့် kimမားမားက
ထယ့်အား ရေခွက်လေးကမ်းကာ ပိုက်ကလေး
ပါ အဆင်သင့် ချပေးသည်။
နှုတ်ခမ်းဝတွင် တေ့ပေးနေသည့်မို့ သူမငြင်း
ဆန်တော့ပဲ တငုံမျှသောက်လိုက်သည်။

" တော်ပြီ "

သူ့စကားအား ရှေ့ရှိ အမျိုးသမီးကြီးမှာ
ပြူံးကာ ကြည့်လာရင်း ဖန်ခွက်လေးအား.ေနရာတကျ ပြန်ထားလိုက်သည်။

" မားတို့ကို မမှန်မိဘူးဆ်ုတော့ ဒေါက်တာပြော
သွားသလို သေချာလေး အခြေအနေပေး
ရမယ်နဲ့တူတယ် ၊ ဒါနဲ့ မပူပါနဲ့ ၊ စံအိမ်တော်ပြန်လိုက်နေပေါ့...ဟုတ်ပြီလား...မားတို့နဲ့.
နီးနီးကပ်ကပ်နေတော့ သတိပြန်ရန်ုင်ချေ
က အများဆုံးပဲ...ကွန်ဒိုမှာလည်း တယောက်
တည်းဖြစ်နေတာ...အိမ်ပြန်လိုက်နေတာ
အကောင်းဆုံးပဲ"

ဒါဆို ငဂျစ်လေးကို kimစံအိမ်တော် ခေါ်တော့မှာပေါ့ ၊
အခုအခြေအနေမှာ ငြင်းဆန်ခြင်းပြုရအောင်
လည်း ငဂျစ်လေးက အရင်ကလို ခွန်းတုံ့
ပြန်နေကြ အရစ်ထုတ်လေးမဟုတ်တော့။

ပြီးတော့ jungkookနဲ့ ထိုသူလေးကြားက
ဆက်ဆံရေးကိုလည်း သူတို့နှစ်ယောက်သာ
သိသည်၊
မမှတ်မိလာနိုင်ရင် ဒီမှာပဲ တခန်းရပ်လိုက်မိ
မလိုတွေ ဖြစ်နိုင်သည်။

သူ ဘာလုပ်ရမလဲ...ထိုသူလေးကို ဒီတိုင်း
ပဲ ပြန်ထည့် လိုက်ရမလား...

" မား...ဟုတ်လား"

စူးစူးစိုက်စိုက် မယုံ သက်ာ အကြည့်တွေကြား
ကြည့်နေသည်မှာ တကယ့်ကို လူသစ်တယောက်လို...

ပြောသွားသည့်စကားတွေအား အလိုမကျလျက် မျက်ခုံးတစုံမှာ တွန့်ချိုးနေ၏။

" ဟုတ်တယ်လေ...ယောင်းလေးရဲ့...
မား...ပြီးတော့ ယောင်းလေးက မားရဲ့သား"

Purple Melody  @@@Complete@@@Where stories live. Discover now