part7

1.4K 113 12
                                    

Password အားရိုက်နှိပ်ကာ ဖွင့်ဝင်လာ
ရင်း မောင့်အား ဦးစွာ ရှာလိုက်မိသည်။

ဧည့်ခန်းအတွင်းမတွေ့သည်မို့ အခန်းထဲသို့သာ
လျှောက်လာလိုက်သည်၊ ရေကျသံတတောက်
တောက်က ရေချိုးခန်းလေးဆီမှ ထွက်လို့လာ
သည်မို့ ခုနက မွေ့ယာပေါ်ပစ်တင်ထားသည့်
ကုတ်အား အဝတ်တန်း၌ ပြောင်းလဲချိတ်လိုက်
သည်။

ပြီး မီးဖိုခန်းအား ခြေဦးလှည့်သည်။

သိမ်းစရာရှိတာတွေသိမ်းရင်း ရေ​အေး
တဘူးအား ထုတ်ကာ သောက်လိုက်တော့
လည်ချောင်းတောက်လျှောက် ခပ်စူးစူးလေး
ဖြစ်လို့သွား၏။

ဒီလောက်ဆို သန့်နေပါပြီ ၊ သိမ်းစရာမလို
တော့ဘူး...

ကိုယ့်ကိုကိုယ် အမှတ်ပြည့်ပေးလိုက်ကာ
လက်မတထောင်ထောင် လုပ်လိုက်သည်။

*****

အခန်းထဲ ဝင်လာလိုက်တော့ ညအိပ်ဝတ်စုံ
အား လဲဝတ်နေပါသည့်မောင်က သူ့အား
လှည့်ကြည့်သည်။

ဟီးဟီး...သူရယ်ပြပြန်တော့ ခပ်ညစ်ညစ်
ဖြစ်ကာ ထယ့်အား မျက်စောင်းထိုးလိုက်
သည့် မောင်ကြောင့် သွားလေးများအား
ခပ်ဖြီးဖြီးလုပ်နေသည်ကို အမြန်ပိတ်လိုက်
ရသည်။

" မောင်... ငါ့ဖုန်း မင်းခေါင်းအုံးအောက်
ကျန်ခဲ့တယ် ၊ "

ပင်ပန်းလာသည်မို့ လှဲအိပ်ရန် မွေ့ယာထက်
ပစ်လှဲချမည်အပြု အနောက်မှ အကျီစအား
ဆွဲလိုက်သည်ကြောင့် လည်ပင်းအစ်တစ်တစ်
ဖြင့် သူ့လက်များလေပေါ် ရပ်တန့်လိုက်သည်။

" အား...အစ် "

" ဒီလောက် ညစ်ပတ်နေတာ အိပ်ယာပေါ်
လှဲဖို့ကြံနေတာလား ၊ သွား ၊ အခုရေသွားချိုး ၊
မင်းကိုလေ
ဘယ်လို လုပ်ရမှန်းကိုမသိဘူး ၊ အဲ့လောက်
ညစ်ပတ်နေရင် ငါ့နား လာမအိပ်နဲ့ "

ပြောကာဖြင့် အနောက်မှ ဆွဲခေါ်သွားသူ
ကြောင့် နောက်ကျောဘေးအနေအထား
အတိုင်း ယှက်ကန် ယက်ကန်လိုက်နေ
ရသည်။

" ဝင် ၊ မြန်မြန်ချိုး ၊ အကြာကြီး ချိုးနေလို့
ကတော့ ငါ့အဆိုးမဆိုနဲ့ ၊ ရေပူနဲ့ချိုးနော်၊
ရေအေးတွေ ဖွင့်ချိုးမနေနဲ့ "

Purple Melody  @@@Complete@@@Where stories live. Discover now