>>>>> [ Unicode ] <<<<<
ရွာထဲကဟိုနား ဒီနားလှည့်လည်ပြီးတဲ့နောက်နည်းနည်းတောင်ကြာသွားတယ်ထင်တယ် ခွန်စိုင်းတို့ပြန်ရောက်တော့ ညစာစားချိန်တောင်ရောက်နေလေပြီ။ ဘဘကြီးက မြောက်ပိုင်းလူကြီးအိမ်အလည်သွားတာကြောင့် အိမ်မှာဒေါ်လေးတို့သာရှိသည်။
" လူလေး ထမင်းဆာရင်ပြောနော့၊ မင့်ဘကြီးကတော့ ခဏနေ ရောက်လိမ့်မယ် "
" ဟုတ်ကဲ့ဒေါ်လေး ကျွန်တော်မဆာသေးပါဘူး "
အိမ်ပြန်ရောက်ကတည်းက နေစေး က အိမ်အပေါ်ထပ်သို့အရင်တတ်သွားတာကြောင့် ခွန်စိုင်းလည်း အိမ်ရှေ့ထိုင်ခုံမှာခဏထိုင်နေလိုက်သည်။ ဒီနယ်ဘက်က ညဘက်အေးသလောက် နေ့ခင်းဘက်တွေ နေအတော်ပူသည်။ တော်သေးတာက သစ်ပင်အရိပ်တွေရှိနေလို့ လေတိုက်လိုက်တိုင်း အအေးဓာတ်လေးခံစားရတာအတော်လေးကောင်းတယ်ပြောရမယ် ။ ခုလို ညနေစောင်းအချိန်လေးကတော့အကောင်းဆုံးဖြစ်သည်။
ခွန်စိုင်းအောက်က ကွပ်ပျစ်မှာ ခဏတဖြုတ်အနားယူပြီးအိမ်အပေါ်ထပ်တတ်ကာ ရေချိုးဖို့ပြင်လိုက်သည်။ မနက်ကနဲ့မတူပဲ အဝတ်အစားတွေနဲ့အသုံးအဆောင်တစ်ချို့ရှင်းလင်းသွားတာမြင်တဲ့အခါ ခွန်စိုင်းသည် ဒါက နေစေးအခန်းဆိုတာသတိထားမိလိုက်သည်။ ဧည့်သည်တွေကိုသဘောမကျတဲ့နေစေး က သူ့အိပ်ခန်းကိုပါပေးထားရတာကိုတွေးလိုက်တဲ့အခါ ခွန်စိုင်းအားနာသွားရပြန်သည်။
ပြီးနောက် ခွန်စိုင်းထပ်မတွေးတော့ပဲ အဝတ်စားလဲကာ ရေချိုးခြင်းကိုခပ်သွက်သွက်လုပ်ပြီးပြန်တတ်လာတဲ့အခါ နေစေး အခန်းဆီကတံခါးဖွင့်တာနဲ့တိုးသွားသည်။ နေစေး သည် ရေချိုးပြီးတတ်လာတဲ့ခွန်စိုင်းကိုရုတ်တရက်တွေ့လိုက်ရတော့ တစ်ချက်သာကြည့်ပြီးသူ့အခန်းထဲပြန်ဝင်သွားသည်။ ကျန်နေခဲ့တဲ့ ခွန်စိုင်းမှာသာ အပေါ်ဝတ်မပါတဲ့သူ့ပုံစံကြည့်ရဆိုးနေသလားခေါင်းလေးစောင်း၍အတွေးလွန်လျှက် ။
ပြီးတာနဲ့အဝတ်အစားလဲလှယ်ကာ အောက်ထပ်ဆီပြန်ဆင်းလာခဲ့သည်။
ခွန်စိုင်းသည် အခန်းထဲရောက်သော် သူလက်စသတ်စရာရှိတဲ့ ' လေး ' ကို ဆက်ကိုင်နေရင်း စောနကမအူမလည်ရုပ်နဲ့ ထိုဧည့်သည်အမျိုးသားရဲ့ရေချိုးပြီးစပုံရိပ်ကိုမတွေးလိုက်ပါပဲ အာရုံထဲစွဲထင်နေစေသည်။ ရေချိုးပြီးခါစမို့အနည်ငယ်ကျန်နေတဲ့ရေစက်တစ်ချို့ကဆံပင်စနားလေးမှာနေရာယူလျှက်၊ ဖြူဖွေးလွန်းတဲ့အသားရည်ကြောင့် ရဲရဲနီနေတဲ့နှုတ်ခမ်းပါးတစ်စုံ ၊ အံသြစွာမော့ကြည့်လာတဲ့အညိုရောင်မျက်ဝန်းလေး ၊ ဒီအရာတွေကိုကျော်လွန်ပြီး အကြည့်ရောက်သွားမိတာက သေးငယ်တဲ့အပေါ်ဝတ်မပါတဲ့ခန္ဓာကိုယ်လေးဆီသို့ ၊ ခွန်စိုင်းရဲ့အသားအရောင်ဟာ နေစေးတို့နဲ့ယှဥ်လိုက်မယ်ဆိုရင် အတော်လေးဖြူတဲ့အထဲပါပြီး နေစေးတို့လိုအသားရောင်ကသူ့အတွက်မည်းတဲ့လူလိုဖြစ်စေသည် ။ မနေ့ကလျှော်ထားတဲ့အကျီနဲ့ပုဆိုးလေးကိုလက်ကကိုင်ပြီး ကျန်လက်တစ်ဖက်က တကိုယ်ရေသုံးပစ္စည်းတွေကို ရေခွက်ထဲထည့်ပြီးကိုင်ထားသည်။
YOU ARE READING
Saw Nay Say's Travel Blogger [ Completed ]
Romance#စောနေစေးရဲ့ခရီးသွားဘလော့ဂါလေး #June - 19 - 2020 #Moewathan #Artist by Melon mist 🌠 ယခုဇာတ်လမ်းတွင်ပါဝင်သော ရိုးရာ၊ဓလေ့ ယဥ်ကျေးမှု့စသဖြင့် ဇာတ်လမ်း၊ ဇာတ်ကွက်များဟာ စာရေးသူဖန်တီးထားသော စိတ်ကူးယဥ်သက်သက်သာဖြစ်ပါသည်။