>>>>> [ Unicode ] <<<<<
အိမ်မှာကျန်ခဲ့တဲ့ ခွန်စိုင်းတစ်ယောက် နေစေးမရှိတော့ ပိစိလေးလွတ်လပ်သလိုခံစားနေရသည်။ မနေ့က အရှေ့ဘက်ရွာတစ်လျှောက်နေရာအနှံ့ရောက်ခဲ့ဖူးပြီမို့ ဒီနေ့မှာ ခွန်စိုင်းတစ်ယောက်တည်းအိမ်မှာ ဘာလုပ်စရာမှမရှိဖြစ်နေသည် ။ ဘဘကြီးက မြောက်ရွာကလူကြီးအိမ်ကလာခေါ်လို့ လိုက်သွားပြီး ဒေါ်လေးအမော်ကရွာထဲဘက်ထွက်သွားတာကြောင့် အောက်ထပ်မှာ ဒေါ်လေးအဆိုင်းနဲ့ ခွန်စိုင်းပဲရှိသည် ။
ခွန်စိုင်း အပေါ်ထပ်မှာပျင်းပျင်းရှိတာနဲ့ အောက်ထပ်ကအိမ်ရှေ့ကွပ်ပျစ်ဆီဆင်းလာခဲ့သည်။
" လူလေး ဘာလိုလို့လဲ ဗိုက်ဆာပြီးလားကွဲ့ "
" မဆာသေးပါဘူးဒေါ်လေး မနက်က ကျွန်တော်ကောက်ညှင်းပေါင်းတွေစားတာများသွားတယ် "
" အိုကွယ် နောက်ဆိုလျှော့စားနော့ ရင်ပြည့်နေရင် လူလေးထမင်းဘယ်စားနိုင်မတုန်း "
" ဟုတ်ကဲ့ဒေါ်လေး "
ဒေါ်လေးအဆိုင်းက ခွန်စိုင်းကိုပြောပြီး ပြုံးကာပင် အနောက်ဘက်သို့ဝင်သွားသည်။ ကွပ်ပျစ်မှာထိုင်ပြီး မနေ့ကအရှေ့ရွာဘက်ရှိတာလေးတွေကို စာစီမလားတွေးတုန်းရှိသေးတယ် ငဒူးနဲ့ ဒေါ်လေးအမော်က ပြန်လာကြသည်။လက်ထဲမှာလဲ သီးနှံခြင်းတစ်ခြင်းအပြည့်ကို ငဒူးကပခုံးပေါ်သယ်ထားတာကြောင့် ခွန်စိုင်းသွားပြီး သယ်ကူလိုက်သည်။
" ညီလေး အကို့ ကိုပေး "
" ရပါတယ်နောင်ကြီးရာ ကျုပ်နိုင်ပါတယ်ဗျ "
ခွန်စိုင်းလာကူတာမြင်တော့ ဒေါ်လေးကလဲ ပြောသည်။
" ရပါတယ်သားရယ် ငဒူးနိုင်ပါတယ်ကွဲ့ ဘယ်နှယ့် နေပူကပူနဲ့ထွက်လာတာတုန်း "
" ရပါတယ် ဒေါ်လေးရယ် မပူပါဘူး.. ကဲ ပေးပါ "
ငဒူးလက်ထဲက ခြင်းကိုမပြီး စားပွဲခုံပေါ်တင်ပေးကာ ဒေါ်လေးအမော်အတွက်ရေနွေးကြမ်းငဲ့ပေးလိုက်သည်။
" ဒေါ်လေး ရေနွေးကြမ်းသောက်ပါဦး "
" အေး ကျေးဇူးပါကွယ် "
YOU ARE READING
Saw Nay Say's Travel Blogger [ Completed ]
Romance#စောနေစေးရဲ့ခရီးသွားဘလော့ဂါလေး #June - 19 - 2020 #Moewathan #Artist by Melon mist 🌠 ယခုဇာတ်လမ်းတွင်ပါဝင်သော ရိုးရာ၊ဓလေ့ ယဥ်ကျေးမှု့စသဖြင့် ဇာတ်လမ်း၊ ဇာတ်ကွက်များဟာ စာရေးသူဖန်တီးထားသော စိတ်ကူးယဥ်သက်သက်သာဖြစ်ပါသည်။