>>>>> [ Unicode ] <<<<<
ထိုင်း..မြန်မာနယ်စပ်ဘက်တွင်ဖြစ်သည်။ စိုင်းလုံဆိုသောသူသည် များစွာသောထူထဲတဲ့ဒီတောအုပ်ကိုအပိုင်စားယူပြီး တပ်စခန်းချကာနေလာခဲ့တာနှစ်နဲ့ချီနေလေသည်။ ဒုစရိုက်မှောင်ခိုလမ်းကြောင်းနဲ့ပက်သတ်တဲ့ကိစ္စတော်တော်များများကိုတောက်လျှောက်လုပ်လာတဲ့စိုင်းလုံဟာ သူ့လောကမှာတော့သူသာအင်အားအကြီးဆုံးဖြစ်တယ်လို့ယူဆထားသည်။
အသက် ၂၉ နှစ် အရပ် 6' ရှိ စိုင်းလုံဟာ ရှမ်းလူမျိုးဖြစ်တာကြောင့်သူ့မှာဖြူတဲ့အသားအရေရှိပြီး တောင့်ဖြောင့်တဲ့ခန္ဓာကိုယ်ပိုင်ဆိုင်ထားသည်။ သူ့ရုပ်ရည်မှာယောက်ကျားတစ်ယောက်အနေနဲ့ကြည့်ကောင်းတယ်ဆိုသော်လည်း ညာဘက်ပါးတဖက်တွင်လက်တစ်ညှိုးစာပြတ်ရှရာ အမာရွတ်တို့ရှိလေသည်။ ထိုအမာရွတ်ဟာ သူ့ဘဝရဲ့ရှုံးနိမ့်ခြင်းလမ်းစတစ်ခုလို့ ဘယ်သူထင်မည်နည်း။
စိုင်းလုံသည် မှောင်ခိုလမ်းကြောင်းနဲ့ပက်သတ်ပြီး ထိုင်းဘက်ကနေ ဒီဘက်အထိနယ်ချဲ့ထွက်လာပြီး ဇမ်မထီဟန်မြို့..မြို့ပိုင်ထိသိမ်းသွင်းလို့ရခဲ့သည်။ မြို့ကြီး မှာ စိုင်းလုံရဲ့စျေးကွက်နဲ့ပက်သတ်ပြီး ကန့်ကွက်ရဲသူမရှိပေ ။ သို့သော် လွန်ခဲ့တဲ့နှစ်တွေကစလို့ ဦးဆောင်သူ ဆိုတဲ့လူကြောင့်စိုင်းလုံအခက်တွေ့နေတော့သည်။
ကြမ်းတမ်းလွန်းတဲ့လူတွေဖြစ်တဲ့အလျှောက် စိုင်းလုံတို့အဖွဲ့ဟာကောက်ကျစ်ဖို့လဲ ဝန်မလေးပေ။ စိုင်းလုံဟာ အမျိုးသမီးတွေကိုလူကုန်ကူးတာနဲ့ပက်သတ်ပြီးလုပ်ဆောင်နေသူမို့ သူ့တပည့်တွေကထိုမိန်းကလေးတွေကိုစော်ကားခြင်းကိုလစ်လျှုရှုခဲ့သည်။ အဲ့ဒါနဲ့ပက်သတ်ပြီး လွန်ခဲ့တဲ့တစ်နှစ်က ဦးဆောင်သူဟာ စိုင်းလုံတို့တပ်စွဲတဲ့စခန်းကိုဝင်စီးကာအပြတ်ချေမှုန်းခဲ့တာကြောင့် စိုင်းလုံမှာ ပါးပေါ်ကဓားအမာရွတ်ရခဲ့ပြီး အသက်ထွက်မတတ်ထွက်ပြေးခဲ့ရသည်။
ထို့နေ့မှစ၍ ဦးဆောင်သူဟာ စိုင်းလုံအမုန်းဆုံးရန်သူကြီးတစ်ယောက်ဖြစ်လာခဲ့သည်။
" ဆရာစိုင်းလုံ "
နောက်ကခေါ်လိုက်တဲ့ အသံကြောင့်စိုင်းလုံလှည့်ကြည့်လိုက်တော့ သူ့တပည့် ဝေကြီး ဖြစ်သည်။
YOU ARE READING
Saw Nay Say's Travel Blogger [ Completed ]
Romance#စောနေစေးရဲ့ခရီးသွားဘလော့ဂါလေး #June - 19 - 2020 #Moewathan #Artist by Melon mist 🌠 ယခုဇာတ်လမ်းတွင်ပါဝင်သော ရိုးရာ၊ဓလေ့ ယဥ်ကျေးမှု့စသဖြင့် ဇာတ်လမ်း၊ ဇာတ်ကွက်များဟာ စာရေးသူဖန်တီးထားသော စိတ်ကူးယဥ်သက်သက်သာဖြစ်ပါသည်။