Unicode ။
" လုံဝမ်ရွာတပ်ခေါင်းဆောင်..ဦးဆောင်သူ စောနေစေး ဆိုရင်မင်းတို့ရဲ့သောက်ရေးမပါတဲ့ ဒီခြံစည်းရိုးကိုဖွင့်ပေးဖို့လုံလောက်လား!! "
" ဦး...ဦးဆောင်သူ!"
အစောင့်တွေအားလုံး ဦးဆောင်သူဆိုတဲ့နာမနဲ့အတူ နေစေးရဲ့ခက်ထန်တဲ့မျက်နှာကိုတွေ့သွားချိန်မှာ သူတို့လုပ်လိုက်မိတဲ့အမှားအတွက် အရိုးထဲထိအောင်ကြောက်ရွံ့မှု့ကိုခံစားသွားရသည်။ သူတို့လက်ထဲက သေနတ်တွေကိုချက်ချင်းပင်ရုတ်သိမ်းကာ။
" ကျုပ်..ကျုပ်တို့တောင်းပန်ပါတယ် ဦးဆောင်သူခင်ဗျ "
ပြောပြီးနောက် အစောင့်တွေက ချက်ချင်းဂိတ်ထဲကိုဖွင့်ပေးလိုက်သည်။
" ကျုပ်တို့ ကူးရယ်ဆီလမ်းပြပေးပါ့မယ် "
" မြန်မြန် !! ... ကျုပ်အချိန်မရှိဘူး !"
" ဟုတ်ကဲ့ခင်ဗျ "
ထိုသို့နှင့် အစောင့်တစ်ယောက်ဟာ သူတို့ဘေးမှာအသင့်ရှိနေတဲ့ သုံးဘီးဆိုင်ကယ်ပေါ်တတ်ကာရှေ့ကနေမောင်းပြီးလမ်းပြသည်။ နောက်မှာ မြင်းကိုယ်စီနဲ့လိုက်လာတဲ့ နေစေးတို့အဖွဲ့ကိုကြောက်ရွံ့လျှက်ပေါ့။
သူတို့လိုအောက်ခြေတပ်သားတွေအတွက်မပြောနှင့် ကူးရယ်လိုနယ်မြေတစ်ချို့ဦးဆောင်မှု့ရှိနေတဲ့လူမျိုးကတောင် ဦးဆောင်သူကိုလျှင်ဖိန့်ဖိန့်တုန်အောင်ကြောက်ရွံရိုသေရတယ်ဆိုတာ မသိသူမရှိပေ။ ဦးဆောင်သူဟာ သူ့ရဲ့ လုံဝမ်ရွာကထွက်လာပြီးအပြင်လောကမှာလျှောက်သွားခြင်းလည်ပတ်တာမရှိသည့်အပြင် သူ့အားမြင်ဖူးသူတွေလည်းရှားပါးသည်။ ဒါ့ကြောင့်မို့ အစောင့်တွေလည်းတစ်ခဏအသိလွတ်သွားရခြင်းဖြစ်သည်။
________________________
" ကူးရယ်.... ဗျို့ ကူးရယ်! "
" ဝေ့... ဘယ်သူကြီးတုန်း ကျုပ်အထဲမယ်ရှိပါ့ "
အစောင့်ရဲ့အော်သံက ကူးရယ်နဲ့အိမ်အနီးပက်ဝန်းကျင်မှာရှိတဲ့တပ်သားအိမ်တွေပင်စပ်စု၍ထွက်ကြည့်စေသည်။ ရွာထဲမှာရှိတဲ့ အိမ်ခြေတွေအားလုံးက တပ်သားအိမ်ခြေတွေမို့ အစောင့်တစ်ယောက်ရဲ့နောက်တွင် မြင်းကိုယ်စီ၊လက်နက်အပြည့်နဲ့လိုက်လာတဲ့ နေစေးတို့လူစိမ်းလူအုပ်ကြီးကိုတွေ့တဲ့အခါ ကူးရယ်တပ်သားတွေက နေစေးတို့အဖွဲ့အားအချိန်မရွေးတိုက်ခိုက်မယ့်ပုံစံမျိုးနဲ့တင်းမာတဲ့အခြေအနေနဲ့ကြည့်နေသည်။
YOU ARE READING
Saw Nay Say's Travel Blogger [ Completed ]
Romance#စောနေစေးရဲ့ခရီးသွားဘလော့ဂါလေး #June - 19 - 2020 #Moewathan #Artist by Melon mist 🌠 ယခုဇာတ်လမ်းတွင်ပါဝင်သော ရိုးရာ၊ဓလေ့ ယဥ်ကျေးမှု့စသဖြင့် ဇာတ်လမ်း၊ ဇာတ်ကွက်များဟာ စာရေးသူဖန်တီးထားသော စိတ်ကူးယဥ်သက်သက်သာဖြစ်ပါသည်။