Unicode
တောင်အောက်ခြေနားမှာမြေလဲနေတဲ့ ခွန်စိုင်းကိုနေစေးတွေ့လိုက်ရတာကြောင့် နှလုံးဆောင့်တတ်သွားပြီလားထင်ရအောင်ကြောက်လန့်တကြား ခွန်စိုင်းအနားပြေးသွားပွေ့လိုက်သည်။
" စိုင်းဟွမ်.. "
နေစေးသည် ခွန်စိုင်းကိုပွေ့လျှက်ပါးလေးကိုပုတ်ပုတ်နှိုးကာ ခြေတွေလက်တွေကိုဘယ်လောက်ထိခိုက်သွားသလဲဆိုတာသေချာစစ်ဆေးနေသည်။ ပြီးနောက် ခြေမျက်စိနားမှာ အညိုပုတ်အရောင်ဖြစ်နေတာတွေ့မှခြေခေါက်လဲတာဖြစ်မှန်းသိလိုက်သည်။ နေစေးသည် ခွန်စိုင်းလက်ကလေးကဒဏ်ရာတစ်ချို့နဲ့အခုလိုတွေ့လိုက်ရတာ သူ့ရင်ထဲတကယ်မချိပေ။ သူအမြတ်တနိုးအထိခိုက်မရှိထွေးပွေ့ထားတဲ့ ဒီလူသားလေးအပေါ် သူကာကွယ်မှု့လိုအပ်ချက်ကြောင့် အခုလိုတွေဖြစ်သွားရပြန်ပြီ။
သို့သော် အခုလောက်လေးဖြစ်တာမို့ဘုရားသခင်ကိုသာကျေးဇူးတင်ရင်း ခွန်စိုင်းကိုပွေ့ကာ စခန်းကိုပြန်လာခဲ့သည်။ လမ်းမှာ ဘွား နဲ့မော့တို့လည်းစုံတာကြောင့် အားလုံးစခန်းသို့သာပြန်ခဲ့သည်။ နေစေးတို့စခန်းရောက်တဲ့အချိန်မှာ မိုးပင်ချုပ်နေလေပြီ။
စခန်းရောက်တာနှင့် နေစေးသည်အားလုံးကိုအပြင်ထွက်စေကာ စခန်းမှာအသင့်ထားတဲ့ဆေးသေတ္တာကိုယူပြီး ခွန်စိုင်းရဲ့မိုးစိုနေတဲ့အဝတ်စားတွေအကုန်ချွတ်ပြစ်လိုက်သည်။ ပြီးနောက် အဝတ်တစ်ခုရေစွတ်ကာခွန်စိုင်းကိုရေပတ်တိုက်ပေး၏။ အဲ့အချိန်မှာ သတိရတစ်ချက် မရတစ်ချက်ဖြစ်နေတဲ့ ခွန်စိုင်းသည် သူ့ခေါင်းတစ်ခုလုံးတစ်ယောက်ယောက်ရိုက်ထားသကဲ့သို့နာကျင်မှုနဲ့နိုးလာပြီးမျက်လုံးဖွင့်ကြည့်သည်။
" အက်...ဒွက် "
အသံဟာလုံးဝမထွက်သလိုတိုးညှင်းပေမယ့် လှုပ်ရှားမှု့ကြောင့် နေစေးကြည့်လိုက်တော့သူ့အားကြည့်နေတဲ့ လူကြီးလေး။ နေစေးသည် ခွန်စိုင်းလက်ကလေးကိုဆုတ်ကိုင်ကာ အားရဝမ်းသာနှင့်။
" စိုင်းဟွမ် ခင်ဗျားသတိရလာပြီလား။ ကျုပ်လေ ခင်ဗျားကို..သေလောက်အောင်စိတ်ပူနေခဲ့တာ "
YOU ARE READING
Saw Nay Say's Travel Blogger [ Completed ]
Romance#စောနေစေးရဲ့ခရီးသွားဘလော့ဂါလေး #June - 19 - 2020 #Moewathan #Artist by Melon mist 🌠 ယခုဇာတ်လမ်းတွင်ပါဝင်သော ရိုးရာ၊ဓလေ့ ယဥ်ကျေးမှု့စသဖြင့် ဇာတ်လမ်း၊ ဇာတ်ကွက်များဟာ စာရေးသူဖန်တီးထားသော စိတ်ကူးယဥ်သက်သက်သာဖြစ်ပါသည်။