[ Unicode ]
စခန်းမှာနေ့လည်စာစားပြီးတဲ့အထိ တပ်သားတွေနှင့် ခွန်စိုင်းဟာ အဆင်ပြေနေခဲ့သည်။အားလုံးဟာ ဦးဆောင်သူ အရေးပေးကာခေါ်လာတဲ့ ခွန်စိုင်းဟွမ်ကိုတပ်သားတွေအမှားမလုပ်ရဲပေ။ ဒါ့အပြင် အလွန်သဘောကောင်းတဲ့မြို့သားလေး ခွန်စိုင်း ရဲ့လူတိုင်းနဲ့သင့်မြတ်အောင်နေတတ်တဲ့စိတ်ထားလေးကြောင့် တပ်သားတွေကသဘောကျကြသည်။
နေစေး တို့လေးယောက်ကွပ်ပျစ်မှာထိုင်၍စကားပြောနေကြသည်။ နဂိုတည်းကစကားနည်းတဲ့နေစေးဟာ ခွန်စိုင်းနဲ့မော့တို့ သုံးယောက်သားစကားပြောဝိုင်းထဲမှာဝင်မပြောပေမယ့် သူ့မျက်စိအရိပ်အောက်က လူကြီးလေးကိုတော့ အရိပ်တကြည့်ကြည့်နှင့်ပင်။
မြို့အကြောင်း၊ရွာဓလေ့အကြောင်းပြောရင်း မော့ ထပြောသည်။
" နောင်ကြီးကျုပ်တို့ရွာအလှတွေထဲ အချောလေးတစ်ယောက်လောက်အိမ်သူအနေနဲ့တွေ့သေးလားဗျ..ဟားဟား "
ရုတ်တရက်အဆက်အစပ်မရှိထမေးလိုက်တဲ့ မော့ ကြောင့် ဘွား မျက်လုံးပြူးမိသွားသည်။ နေစေးသည်လည်း မော့စကားကြောင့်မျက်မှောင်ကျုံ့ကာစိုက်ကြည့်နေတော့သည်။
" အာ မတွေ့ပါဘူးဗျာ.."
" ဟုတ်လို့လား..နောင်ကြီးဒီလောက်ချောတာ တစ်ယောက်လောက်တော့ရှာတွေ့မှာရော် "
" ဟားဟား..မင်း ကိုယ့်ကိုအထင်ကြီးနေပြန်ပြီ "
ပြုံးပြုံးလေးနဲ့အငြင်းစကားဆိုလိုက်တဲ့ ခွန်စိုင်းဟာ ထိုအချိန်မှာ ဘာကြောင့်မှန်းမသိအနေခက်သလိုနှင့် နေစေးကိုကြည့်မိတော့ စိတ်အလိုမကျတဲ့မျက်နှာနဲ့သူ့အားကြည့်နေတာကိုတွေ့လိုက်ရသည်။
" မော့ နောင်ကြီးကိုမနောက်နဲ့တော့လေး "
" ဘွားကလဲ ကျုပ်နောက်နေတာမှမဟုတ်ပဲရော်၊ ကျုပ်က ဒီနောင်ကြီးကိုခင်လို့ တစ်ယောက်လောက်ရှာပေးမလားတွေးနေတာ "
မော့ပြောလိုက်တဲ့စကားကြားမှ ဘွား ခေါင်းပိုကြိမ်းသွားရသည်။ သူ့ရှေ့မှာရှိနေတဲ့ နေစေးရဲ့မျက်နှာကဘယ်လောက်စိတ်တိုနေလဲဆိုတာ ရေးပြထားသလိုဖြစ်နေတာမြင်နေရတော့ အဆိုးလေးမော့အတွက်သက်ပြင်းချမိပါ၏
YOU ARE READING
Saw Nay Say's Travel Blogger [ Completed ]
Romance#စောနေစေးရဲ့ခရီးသွားဘလော့ဂါလေး #June - 19 - 2020 #Moewathan #Artist by Melon mist 🌠 ယခုဇာတ်လမ်းတွင်ပါဝင်သော ရိုးရာ၊ဓလေ့ ယဥ်ကျေးမှု့စသဖြင့် ဇာတ်လမ်း၊ ဇာတ်ကွက်များဟာ စာရေးသူဖန်တီးထားသော စိတ်ကူးယဥ်သက်သက်သာဖြစ်ပါသည်။