အပိုင်း { ၁၄ }

40.4K 4.7K 655
                                    

[ Unicode ]

* အက်ဒွက်သာဆိုရင် သူဘာဖြစ်ဖြစ်ငါ့လက်ကိုဆွဲထားပေးမှာ *

အဲ့လိုအတွေးမျိုးဝင်မိတဲ့အခါ ခွန်စိုင်း စိတ်ထဲနေစေးကိုလွမ်းလာသလို..အခုချိန်နာကျင်မှု့ကြောင့် နေစေးရဲ့ရင်ခွင်ဆီသာတိုးပြီး နာကျင်နေကြောင်းတိုင်တန်းပြစ်ချင်မိသည်။

ခမ်းကျောက်သည်အောက်ခြေထိလှိမ့်ကျသွားတဲ့ခွန်စိုင်းကိုတွေ့မှ သူ့လုပ်ရပ်ကိုနောင်တရကာ အမြန်ဆင်းသွားပြီး ခွန်စိုင်းလဲကျနေတာကိုထူပေးသည်။

" ကို...ကိုစိုင်းအဆင်ပြေရဲ့လား!? ကျွန်တော်.. "

" ..ရ...အာ့..ရပါတယ်ကိုခမ်းကျောက် "

အပေါ်ကလိမ့်ကျတဲ့အရှိန်ဟာဘယ်လောက်တောင်များလဲဆိုရင် ထိုင်နေလျှက်နဲ့တောင်မလှုပ်ရဲသလောက်နာကျင်နေတဲ့ ညာဘက်ဒူးခေါင်းဟာ​သွေးစို့တတ်​ပြီး အရိုးထိသွားပြီလားထင်မှတ်ရသည်။ ဒါ့အပြင် လက်တံတောင်ဆစ်ကအောက်ဘက်ကမြေကြီးနှင့်ပွတ်တိုက်ကာသွေးထွက်တဲ့အပြင် နောက်ကျောရိုးဆီကအောင့်တတ်လာတဲ့နာကျင်မှု့တို့က ခွန်စိုင်းအတွက်မချိပေ။အဲ့တာနဲ့မပြီးသေးပဲ နှဖူးထိပ်နားမှာပွန်းပဲ့ကာသွေးစို့တတ်နေသေးသည်။

တကယ်ပါ ဘဝမှာဒီအရွယ်ရောက်တဲ့ထိတိုင် ဒီလိုထိခိုက်နာကျင်မှု့မျိုး ခွန်စိုင်းမခံခဲ့ရဖူးပေ။ နာကျင်မှု့ကြောင့်ဝမ်းနည်းနေသော်လည်း သူစိမ်းအမျိုးသားတစ်ယောက်ရှေ့မှာတော့ ကိုယ့်အားနည်းမှု့ကိုထုတ်မပြချင်ပါ။

" ကိုစိုင်း..ထနိုင်ရဲ့လား..ကျွန်တော်တွဲကူပေးပါ့မယ် "

" ရတယ်..ရတယ်၊ ကျွန်တော်အဆင်ပြေပါတယ်"

" တောင်းပန်ပါတယ် ကျွန်တော်လဲရုတ်တရက်ဆိုတော့.."

" အာ မဟုတ်တာ၊ ဒါကျွန်တော်ပေါ့ဆလို့ဖြစ်တာပါ၊ စိတ်ထဲမထားပါနဲ့..နည်းနည်းတောင်မှောင်လာပြီ ကျွန်တော်တို့ပြန်ရအောင် "

ဒူးဆစ်ထိသွားတာကြောင့် မတ်တတ်ရပ်လိုက်ချိန်မှာ ခွန်စိုင်းဟန်ချက်ပျက်၍နည်းနည်းယိုင်သွားတဲ့ခွန်စိုင်းကို ခမ်းကျောက်က ပခုံးကိုလှမ်းထိန်းထားပေးသည်။

Saw Nay Say's Travel Blogger [ Completed ]Where stories live. Discover now